Leuprolide injection (Lupron Depot) ထိုးဆေး

ကန်တော့။

မင်္ဂလာပါဆရာ ကျွန်မက အသက် ၃၄ နှစ် အိမ်ထောင်ရှိပါတယ်။ အိမ်ထောင်သက် ၇ နှစ် ရာသီမှန်ပါတယ်။ ကလေးယူဖို့အတွက် OG နဲ့ Medical Check Up လုပ်ရာကနေ ovarian endometriotic cyst ရှိလို့  ဆရာ့ကို ultrasound အဖြေလေးတွေပြပြီး မေးထားဖူးပါတယ်ရှင်။ လွန်ခဲ့တဲ့ ၂ ရက်က OG နဲ့ ပြခဲ့ပါတယ်။ endometriotic cyst အတွက် ဆေးထိုးရမယ်လို့ ပြောပါတယ်ရှင် Leuprolide Acetate for Injecion 3.75 MG (Depot) ဆိုတဲ့ဆေးပါ။ ဆေးက ၁ လကို ၁ လုံး နဲ့ ၂ လ ထိုးရမယ်ပြောပါတယ် ဆရာ။ ဆေး ၁ လုံး ထိုးခဲ့ပြီးပါပြီ။ ဆေးထိုးရင် ရာသီမလာဘူးလို့ပြောပါတယ်ရှင့်။ ဆေး ၂ လ ထိုးပြီးရင် ကလေး ယူဖို့အတွက် အခက်ခဲ ရှိ မရှိနဲ့ ဆေး အကြောင်းလေး သိချင်လို့ပါ ဆရာ။ ကျေးဇူးပြု၍ ဖြေပေးပါဦးဆရာ။

အမှားပါသွားရင်ခွင့်လွှတ်ပါရှင် ဆေးပုံလေးပါရှင်

Leuprolide injection (Lupron Depot) ထိုးဆေး

Endometriosis သားအိမ်ရောဂါတမျိုးအတွက် ပေးတယ်။

ဘေးထွက်သက်ရောက်မှုများ

မောပန်း၊ မျက်နှာနီ၊ ကိုယ်ထဲပူ၊ ခွေးထွက်၊ ရင်သားတင်းနာ၊ မွေးလမ်းကတခုခုဆင်း၊ ကြားရက် ရာသီလာသလိုနည်းနည်းဆင်း၊ လိင်စိတ်ပြောင်း၊ ခြေလက်ရောင်၊ ကိုယ်အလေးချိန်ပြောင်း၊ ကြွက်သားနာ၊ နှာရည်ယို၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ကိုယ်ပး၊ ဝမ်းချုပ်၊ ခေါင်းကိုက်၊ ဝက်ခြံထွက်၊ စိတ်ကျ၊ စိတ်လှုပ်ရှားမှုများ၊ သတိမေ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ