Menopause-related symptoms linked to billions of dollars in medical expenses and lost days of work

အမျိုးသမီးများသွေးဆုံးခြင်းနှင့် ကျန်းမာရေးအသုံးစရိတ်

ကနေ့ စီအင်န်အင်န် သတင်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသူတွေရဲ့ သွေးဆုံးခြင်းနဲ့ဆက်စပ်ပြီး ကျန်းမာရေး အသုံးစရိတ်တွေ တက်တယ်။ ကုန်ထုတ်လုပ်ငန်းတွေပါ နစ်နာစေပါသတဲ့။ Mayo Clinic Proceedings ဂျာနယ်က ထုတ်ပြန်ချက်ကို ကိုးကားထားပါတယ်။

သုတေသနလုပ်သူတွေက ၂၀၂၁ ခုနှစ်အတွင်း အသက် ၄၅ နဲ့ ၆၀ ကြား အမျိုးသမီးပေါင်း ၅၀၀၀ ကို လေ့လာခဲ့တယ်။ သူတို့ထဲက ၄၄၄၀ ယောက် အလုပ်လုပ်နေကြသူတွေ။

၁၃% တို့ဟာ အလုပ်မှာ ထုတ်လုပ်နိုင်စွမ်းကျဆင်းတယ်။ ၁၁% တို့ အလုပ်ကိုမလာနိုင်ကြပါ။

အချုပ်ကတော့ သုတေသနအသုံးအရ MRS score was 12.1 ရှိခြင်းဟာ သွေးဆုံးဖြင်းကြောင့် အသင်အတင့်ထိ ကျဆင်းတယ်လို့ ဆိုပါတယ်။

သွေးဆုံးသူတွေကို (HRT) pills ဟော်မုန်းအစားထိုးဆေးတွေ ပေးရတယ်။

၂၀၂၀ ကိန်းဂဏန်းတွေအရ အသက် ၄၅ နဲ့ ၆၀ ကြား အမျိုးသမီးတွေ သွေးဆုံးတာနဲ့ ဆက်စပ်ပြီး တနှစ်တာ ကျန်းမာရေးကုန်အကျစရိတ် $25 billion နီးပါးနဲ့ အလုပ်ပျက်ခြင်းအတွက် $1.6 billion ရှိတယ်။

လေ့လာသူတွေထဲမှာ လူဖြူ 93% နဲ့ အိမ်ထောင်သည် 76.5% ပါဝင်ပြီး ကောလိပ်ပညာရှိထားသူ 59.3% ပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာက ဘယ်အရာမဆို စာရင်းဇယား ကိန်းဂဏန်း ရှားပါးပြီး ရတာတွေကလည်း ခိုင်မာခြင်း မရှိလှပါ။ ဘာသာရပ်ပေါင်းစုံမှာ သုတေသနတွေ လုပ်ရပါမယ်။ အဆိုးအကောင်း၊ အတ်ိမ်အနက်ကို သုတေသနရလဒ်တွေအရသာ ပြောရမယ်။ အထင်နဲ့ပြောတာတွေ၊ ဘက်လိုက်ပြောတာတွေ မမှန်ပါ။ လူပြောများတာတွေက မှားလေ့ရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ