Million-year-old viruses help fight cancer ကင်ဆာလေ့မှုသစ်တခု

လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကရှိခဲ့တဲ့ ဗိုင်းရပ်စ်တွေဟာ ကင်ဆာကို ခုခံတိုက်ဖျက်ရာမှာ ရွက်ဆောင်ပေးကြတယ်။ 

သုတေသနပြုသူတွေဟာ အဆုတ်ကင်ဆာလူနာ တချို့က တခြားလူနာတွေထက် အသက် ပိုရှင်နေနိုင်လာတာကို လေ့လာရာက တွေ့ရှိရတာဖြစ်ပါတယ်။ ခုခံအားစနစ်ထဲမှာရှိတဲ့ B-cells တွေကို ကင်ဆာအနီးအနာမှာ အများကြီးတွေ့တယ်။ B-cells တွေက ကိုဗစ်အပါအဝင် ကူးစက်ရောဂါမှန်သမျှကို တိုက်ဖျက်ရာမှာ အသုံးကျတယ်။

ဒီဗိုင်းရပ်စ် တချို့ရဲ့ မျိုးဗီဇကုဒ်တွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကရှိခဲ့တဲ့ great apes တို့ရဲ့ DNA နဲ့ ဆင်တူနေတယ်။

လန်ဒန်မှာရှိတဲ့ Francis Crick Institute ကလုပ်တဲ့ဆေးသုတေသနဖြစ်ပါတယ်။ တွေ့ရှိမှုသစ်ကနေ ကင်ဆာ ကုသရာမှာနဲ့ ဖြစ်နိုင်ရင် ကာကွယ်ရေးအတွက်ပါ အသုံးချနိုင်ရေး ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ