Not Good Enough ဖေ့စ်ဘွတ် ပေ့ချ် အတော်ညံ့တယ်

ကျနော် အစာအိမ်မှန်ပြောင်းကြည့်ထားတာပါ။ ညဘက်တွေနှင့် ဗိုက်ပြည့်အောင် စားမှ ရောဂါဝေဒနာ ခံစားရပါတယ်ဆရာ။ ဗိုက်ပြည့်အောင် မစားရဲတော့ ကိုယ်အလေးချိန် 10ပေါင်လောက် ကျလာပါတယ်ဆရာ။ ခု ၁၅၀  ပေါင်ဘဲ ရှိပါတယ်။ စိုးရိမ်ရပါသလား ဆရာခင်ဗျာ။

ခဏခဏ (ခဏခဏ) တင်ပြထားတယ်။ ဖေ့စ်ဘွတ် ပေ့ချ် မက်စင်ဂျာကနေ ဆေးစစ်ချက်ပုံတွေပို့တိုင်း ဘယ်သူကနေပို့ပို့ ဖတ်လို့လာက်အောင် မကြည်လင်ပါ။ ချဲ့ဖတ်လည်း မရပါ။ ရိုးရိုး မက်စင်ဂျာကနေ ပို့တာတွေက အဆင်ပြေတယ်။

ဆေးစစ်ချက်မှ ပုံမလို။ အောက်ဆုံးက မှတ်ချက်ကိုသာ ဖတ်လိုတယ်။

ဖတ်မရတော့ ရောဂါအမည် မသိရလို့ မဖြေနိုင်ပါ။ ဆောရီး။

ဖေ့စ်ဘွတ် ပေ့ချ် အတော်ညံ့တယ်။ ကွန်မင့်ရေးသူကို နှိပ်လိုက်ရင် သူ့မက်စင်ဂျာ ရှာမရ။ တိုက်ရိုက် ဖြေမရ။

ဖေ့စ်ဘွတ် ပေ့ချ် မက်စင်ဂျာမှာ လူသစ်တွေက စာလည်းမရေး၊ မေးတာလည်း မဟုတ်ဘဲ ဘာရောင်းစရာပါလဲ၊ ဘယ်လိုငွေချမလဲ၊ ကူညီနိုင်မလား စတာတွေ ဘိုလိုရော ဗမာလိုပါ လာတာကလည်း မျက်စိရှုတ်စရာတွေ။

ဒီအကြောင်းကို ခဏခဏ (ခဏခဏ) တင်ပြထားတယ်။ 

ဒေါက်တာတင့်ဆွေ

Comments