Phone Calls ခဏခဏတင်ပြထားပါတယ်

ဖုန်းလာတယ်။ မကောက်ပါ။ ဆောရီး။

မီဒီယာတွေကဆိုရင် ဖုန်းနံပတ်ကို မှတ်ထားပြီးဖြစ်တယ်။ 

ဖုန်းနဲ့မေးတာမျိုး မဖြေပါ။ အသံဖိုင် မဖွင့်ပါ။ ဗီဒီယိုဖိုင် မဖွင့်ပါ။ ဆေးစစ်ချက်လွဲရင် ပုံတွေလည်း မလိုအပ်ပါ။

ကျွန်တော့မှာ နိုင်ငံရေးလုပ်တုန်းကလို သီးသန့်ရုံးခန်း မရှိပါ။ အိမ်မှာနေပါတယ်။ အနီးအနားမှာ မိသားစုဝင်၊ ဧည့်သည်တွေ ရှိနေတတ်တယ်။ ကျွန်တော်က တခါတလေ ကားပေါ်မှာ။ တခါတလေ ဘုန်းကြီးကျောင်းမှာ။

စာနဲ့သာရေး မေးပါရန်။ စာကို မှန်အောင်မရေးတတ်လည်း နားလည်းရင် ဖြေပါတယ်။ နားမလည်ရင် ပြန်မေးတယ်။ သတ်ပုံမမှန်လို့ မဖြေတာ အခုထိတော့ မရှိပါ။

အသံက ဘာတွေပြောမှာလည်း မသိ။ အရုပ်တွေက ဘယ်လိုဟာတွေလည်း မသိ။

တချို့က အညစ်အကြေးပုံတွေ။ တချို့က မျိုးပွါးလမ်းပုံတွေ ပို့ကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ