Silicone Genital Enhancement ကျားအင်္ဂါဆေးထိုးနည်း

(ကန်တော့)

စာမဖတ်ခင် ဒီနည်းမျိုးမလုပ်ပါနဲ့လို့ အရင်မှတ်ကြပါ။ သူများတွေကိုလည်း အသိပေးပါခင်ဗျား။

ကျားအင်္ဂါကြီးစေနည်းတွေ အမျိုးမျိုးစမ်းလုပ်ကြတယ်။ နည်းတွေထဲမှာ ကျားလိင်အင်္ဂါထဲကို Silicone (စီလီကုန်း) ဆေးထိုးပေးနည်းလဲပါတယ်။ (စီလီကုန်း) ဆေးထိုးပေးနည်းရဲ့ထူးခြားမှုက အလျင်အမြန် သိသာစေနိုင်တဲ့နည်းတော့ ဖြစ်ပါတယ်။ သိသာမှာက လုံးပါတ်တိုးလာတာဖြစ်ပြီး၊ အရှည်ကိုတိုးတာမဟုတ်ဘူး။ 

(စီလီကုန်း) ဆေးထိုးတာ ဘာအသုံးကျသလဲမေးရင် လိုတာမရောက်ဘဲ (ကန်တော့ပါ) ရှူပေါက်တာသာ ထူးစေပါသတဲ့။ ဒီဆေးထိုးလိုက်ပြီးရင်တော့ အရင်လိုတော့ ပြန်မဖြစ်နိုင်တော့ပါ။ ဆေးကနေ သွေးကြောတွေနဲ့ အာရုံကြောတွေကို သက်ရောက်နှောင့်ယှက်မှု ဖြစ်စေနိုင်တယ်။ ရလဒ်ကတော့ အာရုံခံနိုင်မှုနည်းပြီး လိင်အင်္ဂါအသုံးချမှုကို ခက်ခဲစေမယ်။ ကိုယ်လိုချင်တာက ဓါတ်ပုံရိုက်ပြပြီး ကြွားဘို့သက်သက်မဟုတ်ဘဲ၊ လိင်ဆက်ဆံမှုသာဆိုရင် ပြောင်းပြန်ဖြစ်စေပါမယ်။ ပြန်ပြင်ဘို့ အတော်ကိုခက်မယ်၊ ငွေကုန်မယ်။ နဂိုလိုလည်း ပြန်မဖြစ်နိုင်တော့ပါ။ လူဖြစ်ရှုံးတဲ့အထိ ဖြစ်နိုင်တယ်။ ဆောရီး။

တခြားဘေးထွက်ဆိုးကျိုးတွေလဲ ရှိအုံးမယ်။ ရောင်ရမ်းတာနဲ့ ဆေးထိုးရာနေရာတဝှိုက် အရောင်ပြောင်းလဲသွားမယ်။ (စီလီကုန်း) ကြောင့်ဖြစ်တဲ့အသားနုဟာ ရောင်နေတဲ့အကျိတ်လိုဖြစ်တယ်။ လိင်အင်္ဂါပုံပန်းလည်း ပြောင်းသွားတော့မယ်။ ဖေါင်းတဲ့နေရာက ပိုဖေါင်းနေမယ်။ (စီလီကုန်း) ဟာ ကိုယ်ခန္ဓာရဲ့တခြားနေရာတွေဆီကိုလဲ ရွေ့ပြောင်းနိုင်တယ်။ ဒါ့ကြောင့် FDA က အသိအမှတ်ပြုဘို့ ငြင်းထားတယ်။ ဒီဆေးထိုးထားတဲ့ လိင်အင်္ဂါဟာ ပုံမှန်မဟုတ်တာ သိသာနေမယ်။ 

ကုန်ကျစရိတ်ကြီးအုန်းမယ့် ပြန်ပြင်နည်းကနေ မိမွေးတိုင်းတော့ လုပ်မပေးနိုင်ပါ။ အမျိုးသမီးရင်သားအတုလုပ်နည်း တခုမှာလည်း (စီလီကုန်း) ထည့်တယ်။ အဲလိုနေရာမှာတောင် နောက်ဆက်တွဲဖြစ်လာတာတွေကဆိုးပါတယ်။ လွန်ခဲ့တဲ့ (၁၄) နှစ်က ဆေးအများကြီးထိုးထားခဲ့သူ ဘယ်လ်ဂျီယန်နိုင်ငံသားတဦးမှာ ပြင်ပပစ္စည်း တုန့်ပြန်မှုတွေရတယ်လို့ အလွန်ရောင်နေတယ်၊ ပန်းသေသွားတယ်။ ဘာတွေဖြစ်သွားသလည်းက ရောဂါဗေဒအသုံးတွေမို့ မရေးတော့ပါ။

Dr. John Ronald Brown ဒေါက်တာ (ဂျွန် ရော်နယ် ဘရောင်း) ဟာ ကမာ္ဘ့လိင်ပြောင်းခွဲစိတ်ဆရာဝန်လို့ နာမည်တွင်ခဲ့တယ်။ ဆန်ဖရန်စစ်ကိုမှာ ရုံးခန်းနဲ့ မက်ဆီကိုမှာ ဆေးခန်းရှိတယ်။ သူ့ခွဲစိတ်ကုသနည်းတွေထဲက တခုကတော့ ယောက်ျားလိင်အင်္ဂါ (လိင်တံ နဲ့ ကပ်ပဲ့ပိတ်) ထဲကို (စီလီကုန်း) ထိုးပေးနည်းဖြစ်တယ်။ ဆေးကုသခွင့်လိုင်စင် သိမ်းခံရပြီး၊ ၁၉၉ဝ မှာ ထောင် (၁၉) လကျတယ်။ ၁၉၉၉ မှာ လူသေမှုနဲ့ ထောင်ထပ်ကျတယ်။ ဒေါက်တာဘရောင်းဟာ ၂ဝ၁ဝ မေလ (၁၆) ရက်နေ့က ထောင်ထဲမှာပဲ သေဆုံးသွားပါတယ်။

Dr. တင့်ဆွေ

၁၉-၄-၂၀၁၆

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ