Soda drinks အချိုရည် နှင့် ဆီးချို

ကျွန်တော်တို့ ငယ်စဉ်ကတော့ ဘိလပ်ရည်၊ အချိုရည် စသဖြင့်ခေါ်ကြတယ်။ သူများတိုင်းပြည်တွေမှာ အားလုံးသော သစ်သီးဖျော်ရည် မဟုတ်တဲ့ သောက်စရာတွေကို ဆိုဒါလို့ ခေါ်တယ်။ Sugary beverages (Sugary drinks) လို့လည်း ခေါ်တယ်။ အဲလို အရက်မဟုတ်တဲ့ သောက်စရာတွေနဲ့ ဆီးချိုဆက်စပ်မှု ဘယ်လိုရှိတယ်။

လေ့လာမှုတွေ များတယ်။ တခုက တနေ့ ၁-၂ ဗူးသောက်သူတွေ ဆီးချိုဖြစ်လာနှုန်း မသောက်သူတွေထက် ၂၆% ပိုစေမယ်တဲ့။

ဆီးချိုရှိနေသူတွေက သောက်လိုက်ရင် သကြားဓါတ်ထိုးတက်မယ်။ ဆိုဒါထဲက သကြားကို လျင်လျင်မြန်မြန် ချက်လုပ်တယ်။

ဘယ်ဆိုဒါတွေက ဆီးချိုအတွက် ကောင်းသလဲ

1. Virgil's Zero Sodas

2. ZEVIA

3. Coca-Cola Life

4. Vitaminwater zero

5. Fuze Meyer Lemon Black Tea 

Coke Zero က ဆီးချိုအတွက် စိတ်ချရသလား

နိုး။ ကိုယ်အလေးချိန်တက်မယ်။ ဆီးချိုတက်စေမယ်။ 

ဆိုဒါထဲမှာ ဒါတွေပါတယ်။

• Water: 99.8g

• Protein: 0.1g

• Iron: 0.04mg

• Sodium: 6mg

• Potassium: 2mg

Artificial sweeteners ခေါ် သကြားတုများကလည်း ဆီးချိုအတွက် ကောင်းလှတာ မဟုတ်ပါ။ တခြား ရောဂါဖြစ်နှုန်း မသုံးသူတွေထက် ပိုများတာတွေ့ရတယ်။

1. Saccharin: Bladder Cancer

2. Aspartame: Chronic Fatigue, Brain Tumour

3. Acesulfame: Carcinogenic (it has the potential to cause Cancer)

4. Neotame: Neurotoxic, Immunotoxic, Excitotoxic

5. Sucralose: May impact insulin sensitivity and cause DNA damage

Diet soda ဒိုက်ယက်ဆိုဒါ

အာဟာရဓါတ် မပါ။ ကျန်းမာရေးအကျိုး မရ။ ပုံမှန်ဒါတွေထက်တော့ သင့်တယ်။ သကြားမပါလို့ လူကိုပိုမဝစေနိုင်။ အသင့်အတင့်သောက်နိုင်တယ်။ ဆီးချိုသမားလည်း အင်စူလင် ဒို့စ် ပိုမလိုအပ်။

သုတေသနတခုအရ diet soda နေ့စဉ်သောက်သူတွေက metabolic syndrome ရောဂါရလမ်း 36% ပိုတယ်။ ဆီးချိုရလမ်း 67% ပိုတယ်။

ဘာတွေသောက်နိုင်သလဲ

1. Sour Mango Sharbat သရက်သီးဖျော်ရည်

2. buttermilk (chaas) (အိန္ဒိယ) 

3. sharbat (အိန္ဒိယ)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ