UV radiation ယူဗွီအလင်းနဲ့ သင်္ကြန်နေ

ရေးထာတာ ၉ နှစ်ရှိပြီ။ နွေရောက်တိုင်းပြန်တင်ပါတယ်။

မြန်မာပြည်မှာ သင်္ကြန်ကာလမှာ နေပူပြင်းမယ်။ နေရောင်ကနေရတဲ့ ခရမ်းလွန်ရောင်ခြည်ခံရနိုင်တယ်လို့ မိုးလေဝသပညာရှင်က သတိပေးထားပါတယ်။

UV ယူဗွီအလင်းဆိုတာ ခရမ်းလွန်ရောင်ခြည်လို့ ခေါ်ကြတယ်။ နည်းနည်းလေးဆိုရင် လူကိုအကျိုးရှိစေတယ်။ 

အလင်းရောင်မှာ သက်တံလိုဘဲ အရောင် ၇ မျိုးပါတာကို ပဉ္စမတန်း အထွေထွေသိပ္ပံမှာ စသင်ကြရတယ်။ အောက်ဆုံးအနီအောက်ကို အနီအောက်ရောင်ခြည်လို့ ခေါ်ပြီး၊ အပေါ်ဆုံး ခရမ်းရောင်ကနေ ကျော်လွန်တာကို ခရမ်းလွန်ရောင်ခြည်လို့ ခေါ်တယ်။ 

ယူဗွီအလင်း အနည်းအကျင်းက ဗီတာမင် (ဒီ) ကိုပြောင်းပေးစေလို့ လူကို အကျိုးရှိစေပါတယ်။ များရင် ဘေးဖြစ်တယ်။ 

UV radiation ကိုသုံးပြီး ရောဂါတချို့ကိုကုသပေးနိုင်သေးတယ်။ Rickets အရိုးပျော့ရောဂါ၊ psoriasis မပျောက်နိုင်တဲ့ အရေပြားနာ၊ နှင်းခူနာနဲ့ အသားဝါရောဂါတွေ ဖြစ်တယ်။ တာရှည်ထိတွေ့မိရင် အရေပြားမှာ ဆဲလ်တွေ၊ ဖိုက်ဘရပ်စ် တစ်ရှူးတွေနဲ့ သွေးကြောတွေကို ထိခိုက်ရာကနေ လက်ငင်းဖြစ်မှာနဲ့ နာတာရှည်ဖြစ်မှာတွေ။ အရေပြားကို Sunburn (erythema) နေလောင်မယ်။ မျက်စိနာမယ်။ အတွင်းတိမ်ဖြစ်မယ်။ ခုခံအားစနစ်ကိုလဲ သက်ရောက်တယ်။ အရွယ်စောပြီး ရင့်ရော်စေတယ်။ photodermatoses နဲ့ actinic keratosis အရေပြားရောဂါတွေပါ ဖြစ်စေတယ်။ 

အရေပြားကင်ဆာအထိ ဖြစ်လာနိုင်တယ်။ ၁၉၉၉ တုန်းက ယူကေနိုင်ငံတခုထဲမှာ အရေပြားကင်ဆာလူနာ ၆၅ဝဝဝ ရှိခဲ့တယ်။ တနှစ်မှာ လူနာ ၂ဝဝဝ သေဆုံးရတယ်။ မှည့်ကင်ဆာက တကမာ္ဘလုံးမှာ တနှစ်မှာ ၁၃ဝဝဝဝဝ ယောက်ရှိတယ်။ တနှစ်မှာ ၆၆ဝဝဝ သေဆုံးရတယ်။ တကမာ္ဘလုံးမှာ မျက်စိအတွင်းတိမ်ကနေ လူပေါင်း ၁၂ သန်းကနေ ၁၅ သန်းအထိ မျက်စိကွယ်နေရတယ်။ ဒီဟာတွေမှာ နေရောင်ထဲက ယူဗွီအလင်းတွေ များတာနဲ့ ဆပ်စပ်မှုရှိတယ်။ 

အသားဖြူသူတွေမှာသာ နေလောင်မခံနိုင်တယ်လို့ထင်နေကြတာ မှားတယ်။ နေရောင်ထဲ ထွက်ချိန်နည်းပါစေ။ အဝတ်အစားဝတ်တာ နေမထိစေအောင်ရွေးဝတ်ပါ။ ရေနဲ့ နေရာင်ရောတာက ပိုဆိုးတယ်။ ဦးထုပ်၊ ခေါင်းစည်း၊ အဆောင်းသုံးပါ။ Sunscreen နေလောင်ခံသုံးပါ။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ