Water ရေကို ရန်ရှာကြသူများသို့

နေပူထဲကနေလာသူ ချက်ချင်း ရေအေး မသောက်သင့်။ ရေခဲရေ မသောက်ရ။ ရေခဲသေတ္တာထဲကရေ မသောက်နဲ့ စသဖြင့် စာတွေ တင်ကြတယ်။

အချုပ်ဖြေရရင် အစိုးရိမ်မကဲသင့်ပါ။ 

ဆန်းစစ်မှုတွေတော့ ရှိတယ်။ ရေအေးကို ရုတ်တရက်သောက်လိုက်ရင် ကိုယ်ခန္ဓာစနစ် အပြောင်းအလဲ ဖြစ်လာမယ်။ ရေဓါတ်နည်းနေခဲ့တာကို မမြန်စေနိုင်။ သွေးကြောတွေ ကြုံ့မယ်။ ကိုယ်တွင်းအပူချိန် အပြောင်းအလဲဖြစ်မယ်။ အဲဒါကို မျှတစေအောင် လုပ်နေရလို့ အစာချေမှု နှေးစေနိုင်။ ချွဲပိုထွက်လာမယ်။ ခုခံအားကို သွယ်ဝိုက်ပြီး နည်းစေနိုင်လို့ အအေးမိတာ၊ နေမကောင်းဖြစ်တာ ပိုစေနိုင်တယ်။

နောက်လေ့လာမှုတခု

ရေအေးသောက်လို့ သင့်ကျန်းမာရေးကို ဆိုးကျိုး မဖြစ်ပါ။ ရေအေးဖြစ်ဖြစ် အခန်းတွင်းအပူချိန်မှာရှိတဲ့ ရေဖြစ်ဖြစ်ကနေ ရေဓါတ်ရစေမယ်။ ရေခပ်နွေးနွေးသောက်ရင် အစာချေမှု ပိုကောင်းတယ်။ မသင့်တာတွေ ဖယ်ရှားမှု ပိုကောင်းတယ်။

The National Academies of Sciences, Engineering, and Medicine ရဲ့ အကြံပြုချက်

အသက် ၁၉ နှစ်အထက် အမျိုးသားတွေ ရေ ၃့၇ လီတာ (၁၅ ခွက်ခွဲ) သောက်သင့်တယ်။

အသက် ၁၉ နှစ်အထက် အမျိုးသမီးတွေ ရေ ၂့၇ လီတာ (၁၁ ခွက်ခွဲ) သောက်သင့်တယ်။

ရေအေး သောက်သင့်သလား

တချို့က ရေအေးက ရေရှည်မှာမကောင်းဘူးလို့ ထင်ကြတယ်။ သူတို့က ရေအေးကြောင့် အစာအိမ်နဲ့ အူတွေ ကြုံ့စေမယ်လို့ ထင်ကြလို့ ပြောတာဖြစ်တယ်။ အစာချေမှု အားနည်းမယ်လို့ ထင်မှတ်တာဖြစ်တယ်။ တချို့ကလည်း 36°F (4°C) အပူချိန်ရေကိုသောက်လိုက်ရင် ကိုယ်တွင်းအပူချိန် 98.6°F (37°C) ကို ထိန်းဘို့ခက်စေမယ်လို့ ထင်ကြတယ်။

ချက်ချင်း ရေအေးသောက်ရင် သတိလစ်တာမျိုး ဖြစ်သလား

အဖြေက နိုး။ မဖြစ်စေနိုင်ပါ။

အချုပ် -

လူတိုင်းလိုလိုက နေ့စဉ်လိုလို စားသောက်နေ၊ ပြုမူနေတာတွေကနေ ဆိုးကျိုး မဖြစ်စေပါ။ 

မြန်မာပြည်မှာ ရေချိုး၊ ခေါင်းလျှော်၊ ရေသောက်တွေကို ရန်လုပ်နေသူက မနည်းပါ။ အဟုတ်မှတ်နေသူကလည်း များတယ်။

တသက်လုံး စားသောက်လာတာတွေကနေ ကင်ဆာ မဖြစ်ပါ။ ကင်ဆာကိုလည်း မကာကွယ်နိုင်ပါ။ 

ကိုဗစ်တုန်းကလည်း အဲဒီအတိုင်း တင်ပြခဲ့ပါတယ်။

အုန်းသီး အစိမ်းမှ၊ ကန်စွန်း အရိုးနီမှ၊ ခရမ်းသီး ခရမ်းချဉ်သီး ကိုင်းသီးမှ၊ မုန်လာဥ နီမှ ပြောကြတယ်။ မထူး တမူးသာ။ သန့်ရှင်းလတ်ဆတ်ရင် ဘာဖြစ်ဖြစ် အတူတူကောင်းတယ်။

ရေအေး၊ ရေနွေး၊ ရေသန့်တွေကို ရန်ရှာကြပြီး ချောင်းထဲ မြောင်းထဲကရေကို မပြောကြပါ။ 

ခေါင်းမလျှော်နဲ့၊ ဆပ်ပြာမကိုင်ရဆိုတာတွေကလည်း အမှားတွေ။

ရေကို ထိုင်သောက်၊ ထသောက် မမှန်ပါ။ မှားတယ်။ ညသိပ်ရေနွေး အန္တရာယ်ကင်းတယ်။

နေပူပူမှာ ရေက အရေးကြီးတယ်။ သန့်ရှင်းရင် ရပြီ။ သာမိုမီတာ လိုက်ရှာမနေနဲ့။

လူကြီးမင်း မီလီယန်နာဖြစ်ရင်တော့ အိုက်စလန်ကရေ မှာသောက်ပါလေ။ ၉၉့၄၄% သန့်စဉ်လို့ ကမာ္ဘမှာ အကောင်းဆုံးတဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ