Anti Snake Venom Storage မြွေဆိပ်ဖြေဆေး ထားသိုနည်း

ဒေါက်တာမင်္ဂလာပါ မြွေဆိပ်ဖြေဆေးကို တောတောင်တွေထဲရောက်နေတဲ့သူတွေအနေနဲ့ ချောင်း ရေအစပ်တွေမှာမြုပ်ထားလျှင် အဆင်ပြေပါ့မလား ဖြေပေးပါအုံး

မြွေဆိပ်ဖြေဆေး ၂ မျိုးရှိတယ်။ အမှုန့် နဲ့ အရည်။ 

မြွေဆိပ်ဖြေဆေး အမှုန့်ကို အေးပြီး ခြောက်သွေ့တဲ့နေရာမှာ ထားရမယ်။ အလွန်ပူတာနဲ့ မတွေ့စေရ။

မြွေဆိပ်ဖြေဆေး အရည်ကို +2-8 0C အထိ အပူချိန်မှာ ထားရမယ်။ အေးခဲခြင်း မလုပ်ရ။

၂ မျိုးလုံးဟာ ပူတာနဲ့ထိတွေ့ပေမဲ့ ချက်ချင်းတော့ အာနိသင် မပျယ်ပါ။

ကျွန်တော် တောနယ်တွေမှာ တာဝန်ကျစဉ်က သဲထည့်ထားတဲ့ သေတ္တာပုံးတခုထဲမှာ စဉ့်အိုးလေးထည့်၊ စဉ့်အိုးထဲ အဲလိုဆေးတွေထည့်၊ သဲကို ရေလောင်းလောင်းပေးရတယ်။ ဆေးသိုလှေင်ခန်းဆိုတာ နေရောင်လည်း မထိ၊ လျှပ်စစ်မီးမရှိတော့ အမြဲမှောင်နေတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ