Awareness ပညာပေး

တချို့ကျန်းမာရေး ပညာပေးစာတွေ မှန်ပါတယ်။ 

သွေးတိုးမဖြစ်အောင် ဘယ်လိုနေပါ၊ ဘာတွေစား၊ ဘာတွေရှောင်။

ကင်ဆာမဖြစ်အောင် ဘယ်လိုနေပါ၊ ဘာတွေစား၊ ဘာတွေရှောင်။

ပြည့်စုံအောင် ဖြည့်မယ်။ မျိုးရိုးလိုတာ ရှိသေးတယ်။

အသားဖြူဆေး၊ အရပ်ရှည်ဆေးကြော်ငြာတွေကို ထောက်ပြတဲ့အတိုင်း သွေးတိုး၊ ဆီးချို၊ ကင်ဆာ စတဲ့ရောဂါတွေအတွက်ပါ ဖြည့်ပါမယ်။

အမေအဖေကို ရွေးပြီး၊ ကြည့်ပြီးမှသာ အမျိုးတော်ပါလေ။

ကံတရားကလည်း ရှိသေး။ ကံကောင်းချင်လို့ အခု ဥပုသ်စောင့်၊ အခုဒါနပြုတာနဲ့တော့ မရနိုင်ပါ။ အတိတ်ကံမှုတွေ၊ ပစက္ခကံမှုတွေ စဉ်ဆက်မပြတ်ပြုကြရပါတယ်။

အနေအစားဆိုတာတွေက မနက်စာ၊ နေ့စာ၊ ညစာ။ အိမ်မှာစားတာ၊ ဆိုင်မှာစားတာ၊ ဧည့်သည်အဖြစ် စားတာတွေပါ လိုတယ်။ 

ရှောင်တယ်ဆိုတာတွေကလည်း တကယ်မသင့်တာကိုသာ ရှောင်ရမှာ။ တက်စာဆိုပြီး တက် နဲ့ တတ် မှန်အောင်မရေးတတ်သူတွေပြောတာတွေက မှားမယ်။

စာရေးမှားက ပညာလည်း မမှန်။ တရားလည်း မှား၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ