သာလာယံဇရပ်နံရံလို သဘောမထားသင့်ကြပါ

(ကန်တော့)

အိမ်ထောင်လည်းမကျဖူးပါဘူးကိုယ်ဝန်လည်းမရှိ/မပျက်ဖူးပါဘူးတစ်ခါတလေ(တခါတလေ) တစ်လုံးဆေး(တလုံးဆေး) နှစ်လုံးဆေးသုံးဖူးပါတယ် အသက် ၃၁မှာ ရင်သားကို ညှစ်ကြည့်တာ နို့အရည်အဖြူ အပျစ်ထွက်တာ သဘာဝလား ရောဂါလားသိချင်လို့ပါ နားလည်သူများဖြေပေးပါလား

အဲလိုမေးခွန်းမျိုးကို ဆရာဝန်တဦးဦးကိုသာ မေးသင့်တယ်။ လူတကာဖတ်လို့ရတဲ့နေရာမှာ မသင့်တော်ပါ။

ဆရာဝန်တွေလည်း အများကြီးရှိတယ်။ အမျိုးသမီးဆရာဝန်တွေလည်း ရှိပါတယ်။

မေးတဲ့သူရဲ့ မက်စင်ဂျာကိုလည်း မသိနိုင်။ ဒီနေရာကနေ ဖြေရတာလည်း မသင့်တော်လို့ မဖြေတော့ပါ။

မကြာခဏ တင်ပြပါတယ်။ ဖေ့စ်ဘွတ်ကို သာလာယံဇရပ်နံရံလို သဘောမထားသင့်ကြပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ