ဆေးစစ်ချက်

၁။ ကင်ဆာဘယ်အဆင့်ရောက်နေလဲပြောပြပေးကြပါဦး

စောစောက တယောက်မေးတာကို ဖြေပြီးပြီ။ အခုက တယောက်။
၂။ ကျမ ရင်သားကင်ဆာလူနာပါရှင်။ ဆေးစစ် results တွေပါ။ အဆင့် ဘယ်လောက်လဲ သိရင် ပြောပြပေးစေလိုပါတယ်ရှင်
ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ နေ့တိုင်းနေ့တိုင်း ကင်ဆာနေရာ ၂ခုကို ၃-၄ ကြိမ်သွားသွားဖတ်ပါတယ်။ ဖြေသင့်တာ ဖြေတတ်တာဆို ဖြေတယ်။
ကင်ဆာဆိုရင် အဆင့်ကိုသိလိုကြတယ်။ ဆေးစစ်ချက်တိုင်းမှာ Stage ခေါ် အဆင့်မပါ။ တချို့မှာ Grade ဂရိတ်။ တခါတခါ Level စသဖြင့် ပါတယ်။ 
၁။ မလိုလို့ အဆင့်မပါတာဖြစ်တယ်။ 
၂။ အဆင့်အတွက် နောက်စစ်နည်းလိုတာလည်း ရှိနိုင်တယ်။
လူနာ လူနာရှင်တွေက အသေးစိတ်သိရန် မလိုအပ်ပါ။ ကုသပေးတဲ့ဆရာဝန်တွေကတော့ ဆေးစာနဲ့ အသေးစိတ်သိကြတယ်။
လူနာ လူနာရှင်တွေက အထူးကုဆရာဝန်တွေ ညွှန်သလို စနစ်တကျ လိုက်နာရပါမယ်။
တချို့ လူနာနဲ့ လူနာရှင်တွေက ဆေးစစ်တာကိုသာ အဓိကထားနေကြတာ မမှန်ပါ။ တချို့က ဘန်ကောက်သွားစစ်ပြီးပြီ မပျောက်ဘူးတဲ့။
ကင်ဆာဆိုရင် စောစောသိရမယ်။ စနစ်တကျ ကုသရမယ်။ ပြန်ပြချိန်မှာ ပြန်ပြရပါမယ်။
ဒီစာကို မေးသူက အမည်မသိလို့ရေးထားတဲ့အတွက် တိုက်ရိုက် ပို့မရပါ။ ကင်ဆာနေရာတွေကလည်း ဆရာဝန်ကဖြေတာကို ချက်ချင်း ဖေါ်ပြခြင်းမပြုဘဲ စောင့်ခိုင်းတယ်။ အရေးမပါ (တချို့ မှား) ဓါတ်စာတွေ ဖြည့်စွက်စာတွေကတော့ ဗုံးပေါလအော တွေ့ရတယ်။
ကင်ဆာနေရာတွေက ဆရာဝန်ဖြေတာကို တင်ချင်မှာသာ တင်မယ်။ မက်စင်ဂျာကို ဖတ်ပါရန်။

ဒေါက်တာတင့်ဆွေ

Comments