အကြော

အကြော ညှပ်သာဘာလုပ်ရပါလဲဆရာ

ခဏခဏ (ခဏခဏ) ဖြေရတယ်။ အမှန်က ပြန်မေးရတာ။ အရပ်သုံးစကားလုံး အကြာ ဆိုတာ ဘာလဲ။ ဆေးစာမှာ အာရုံကြော၊ သွေးလွှတ်ကြော၊ သွေးပြန်ကြော၊ လင့်ဖ် ခေါ် သွေးပြန်ရည်ကြောလို့ ရှိတယ်။ ရှိသေးတယ်။

မေးခွန်းမေးသူတွေကို မေးတော့ တချို့က ကြွက်သားတဲ့။ တချို့က  အရိုးတဲ့။ တချို့က  အဆစ်တဲ့။ တချို့က  ဟိုလိုလိုဒီလိုလို။

ဇက်၊ ဂုတ်ပိုး၊ လက်ပြင်၊ နောက်ကျာ၊ တင်ပါးခွ၊ ဒူးကောက်ကွေး၊ ခြေချင်းဝတ်၊ ဖနောင့်၊ စသည်။

ဆရာဝန်ကတော့ ကလေး-လူကြီး-အသက်-ကျား-မ ရဲ့ ဘယ်နေရာမှာ၊ ဘာဖြစ်နေ၊ ဘယ်လောက်ကြာ၊ ဘယ်လိုခံစားလို့ မေးရင်တော့ ဖြေတတ်တယ်။

ညှပ်၍ ညပ်သည်

ညပ်ညပ်သပ်သပ်

ညပ်အောင်ညှပ်

ဖြတ်ညှပ်ကပ်

ညှပ်ပူးညှပ်ပိတ်

ညှပ်ပုံ

ညှပ်ရိုး

ထန်းညှပ်ရည်

ညှပ်အုတ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ