သန့်ဆေးဆိုတာ

မင်္ဂလာပါရှင် ရင်သားကင်ဆာ ဆေးခြောက်ကြိမ်သွင်းပြီး ကင်ဆာဆေး Letrozole Denk မနေက စသောက်နေရပါပြီးဆရာ ရှင့် အဲ့ဒီဆေးတွေက သောက်တာကြာရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ အရိုးနာ အရိုးပါးတာတွေ ဖြစ်တတ်လို့ ( - ) ကထုတ်တဲ့အရိုးသန်ဆေး ကို သောက်လို့ရပါသလား ရှင်

အရွယ်ရအမျိုးသမီးတိုင်း ကယ်လ်စီယမ်လိုတဲ့အကြောင်း ခဏခဏ တင်ပြတယ်။ ဆေးသုတေသနတွေအရ ရေးတာဖြစ်တယ်။ ဆေးအမည်မှာလည်း ကယ်လ်စီယမ်လို့ ရေးတယ်။ ကယ်လ်စီယမ် အလေးချိန်ပါ အတိအကျရေးရတယ်။ 

ဘယ်ကထုတ်တာဖြစ်ဖြစ်၊ ဘယ်တိုင်းပြည်ကလို့ အမည်နဲ့ဖြစ်ဖြစ်၊ သွေးသန့်ဆေး၊ ချွေးသန့်ဆေး၊ အူသန့်ဆေး၊ သားအိမ်သန့်ဆေး၊ ဦးနှောက်သန့်ဆေး၊  ဘာသန့်ဆေး ညာသန့်ဆေးတွေဆိုတာ ဆေးသုတေသန မရှိ သို့မဟုတ် မပြည့်စုံ၊ ကြောငြာဆေးတွေသာဖြစ်တယ်။ မေးခွန်းပါအမည်ကို မထည့်တော့ပါ။ အားနာရတယ်။

ဘယ်အရာမဆို ဝယ်ချင်သူပေါအောင် အမည်ပါတာမှန်သမျှ သိပ်မဟုတ်တော့ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ