Bug Bites အကောင်ကိုက်ခံရခြင်း



ဆရာရှင့် ကန်တော့ပါ။ မမေးသင့်တာများဆိုရင် ခွင့်လွှတ်ပေးပါရှင့်။ ဆေးပညာအရ ဆိုင်မဆိုင် မသိပေမဲ့ ဆရာ့အနေနဲ့ အကြံညဏ်ပြုနိုင်သလောက် ပြောပြပေးစေချင်ပါတယ်။ ပုံထဲကအဖုက တင်ပါးမှာပါဆရာ။ သမီးအသက် ၂၄ ပါ။ မကြာခန ဂျပိုး (ကြမ်းပိုး) ကိုက်တာလိုလို အလာဂျစ် ဖြစ်တာလိုလိုဖြစ်ဖူးပါတယ်။ ခြင်လဲအရမ်းကိုက်ခံရပါတယ်။ သန့်ရှင်းမှုလည်း ရှိပါတယ်။ အများထဲမှ သမီးတယောက်ထဲသာ (တည်းသာ) အကောင်ခနခန (ခဏခဏ) အကိုက်ခံရပါတယ်။ အလုပ်မှာ သူများထက် သမီးကအကောင်ပလောင်အကိုက်ခံရပါတယ်။ ခြင်းဆေးဖြန်းလဲမရ၊ သန့်ရှင်းမှုလုပ်ပေမဲ့မရ ဖြစ်နေတာပါဆရာ။ ဆရာ့ဆီပို့ထားတဲ့ပုံက ယားပါတယ်။ ပင့်ကူရှပ်သလားမသိပါဘူး။ တောတောင်ကြားလဲမသွားပါ။ အခန်းထဲမှာတင်ဖြစ်တာပါ။ အဖုကမာနေပါတယ်။ အင်မတန်ယားပါတယ်။ အစကခြင်ကိုက်တယ်ထင်တာပါ။ ဘာအကောင်လဲတော့မသိပါဘူး သတ်ရင်တော့ အနံ့နံပါတယ် ဒီနေ့မှသတ်ဖူးတာပါ အဲလိုအကောင်တွေ အခန်းထဲမှာ မကြာခနတွေ့ရပါတယ်ဆရာ။ ဒါဒီနေ့ရိုက်ထားတဲ့ပုံပါ ထုံးလိမ်းပါတယ် မပျောက်ဘူးဆရာ ဘာဖြစ်လဲမသိတော့ ဘာလုပ်ရမှန်းမသိဘူး နှစ်ရက်ရှိနေပါပြီ။ မနေ့က မနက်က စဖြစ်တာပါ။

အင်းဆက်စတဲ့ကောင်တွေက အမျိုးမျိုးရှိတယ်။ 

• Coleoptera (beetles), Lepidoptera (butterflies and moths), Hymenoptera (Bees, wasps, hornets, yellow jackets, and fire), Diptera (true flies) စတာတွေဖြစ်တယ်။

• Lice bites သန်းကိုက်ခံရရင် ဖျားနိုင်တယ်။ Relapsing fever ကူးစက်ရောဂါဖြစ်နိုင်တယ်။ 

• Leishmaniasis ရောဂါဟာ Sand fly ယင်ကောင်တမျိုးကိုက်ခံရလို့ဖြစ်တယ်။ 

• Tsetse flies ယင်ကောင်ကနေ Sleeping sickness ရောဂါဖြစ်စေတယ်။ 

• Tularemia ရောဂါဟာ Deer fly သမင်ယင်ကောင်ကနေဖြစ်စေတယ်။ 

• Bubonic plague အကျိတ်ပလိပ်ရောဂါဟာ Fleas ကနေဖြစ်စေတယ်။ 

• Typhus rickettsia ရာဂါဟာ Lice သန်းကနေ ဖြစ်စေတယ်။ 

• Ticks (arachnids) ကောင်ကနေ Lyme disease ရောဂါဖြစ်စေတယ်။ 

• Arachnids (bugs) အကောင်လေးတွေဖြစ်တဲ့ Chiggers, Bedbugs, Mites တွေအကိုက်ခံရရင် ဆေးမလိုပဲ ပျောက်တယ်။ 

• Spiders (Arachnids) ပင့်ကူကဆိုးတယ်။ သူတို့လည်း ခုခံရင်းကိုက်တာဖြစ်တယ်။ 

ခြင်ကတော့ သွေးရှိမှသာ သူကမျိုးပွါးနိုင်မှာဖြစ်လို့ တမင်လိုက်ကိုက်တာ။ အကိုက်ခံရတဲ့နေရာမှာ နီရဲလာမယ်။ ဖုလာမယ်။ ယားယံလာမယ်။ နာမယ်။ အများအားဖြင့် ကိုယ်ခံအားကနေ ပျောက်စေမယ်။ ပျားကိုက်တာက သူ့ကိုယ်သူ ခုခံတာဖြစ်တယ်။ သူ့မှာ အဲဒီအဆိပ်ကုန်ရင်သေတယ်။ ပျားကောင်ကိုက်ခံရရင် ငြိမ်နေပါ။ မဟုတ်ရင် ပျားကောင်တွေ အုံလာမယ်။ အကိုက်ခံရတာသိသိချင်း အကောင်ကနေ ကျန်ရစ်ထဲ့တဲ့ အဆိပ်ပါအစွယ်လေးကို ထုတ်ပြစ်နိုင်ရင်ထုတ်ပါ။ လက်နဲ့ကြိုးစားထုတ်ရင် ရတာများတယ်။ ဂျပ်စက္ကူဒေါင့်စွန်းလည်း သုံးနိုင်တယ်။ ပိုးသန့်ထားတဲ့ဓါးဦး၊ ဆေးထိုးအပ်လည်း ရတယ်။ အကောင်းဆုံးအရာ လိုက်ရှာမနေပါနဲ့၊ ၁ စက္ကန့်ဆို ၁ စက္ကန့်အရေးကြီးတယ်။ စက္ကန့် ၂ဝ ကြာရင် အကောင်ဆီက အဆိပ် ၉ဝ% ဟာ သွေးထဲရောက်ကုန်ပြီ။ ရောင်နေတဲ့ခြေထောက်ပိုင်းကို မြှင့်ထားပါ။ 

အကိုက်ခံရရင် ဖြစ်တာတွေကအကောင်မတူရင် ဖြစ်တာမတူပါ။ Fire ant ပုရွက်ဆိတ်တမျိုးကိုက်ရင် ပြည်ဝတ်လေးတွေ ဖြစ်မယ်။ အလွန်ယားမယ်။ အတော်နာမယ်။ ပင်ကူကိုက်ရင် မီးလောင်ဖုလိုထွက်မယ်။ အရေပြားဆဲလ် တချို့ သေလို့ မည်းလာမယ်။ ဗိုက်နာမယ်။ အန်မယ်။ ရင်ပတ်အောင့်မယ်။ ပုရွက်ဆိတ်ကိုက်လို့လည်း ပြည်ဝတ် ထွက်နိုင်တယ်။ 

အကိုက်ခံရတဲ့နေရာကို ရေ + ဆပ်ပြာနဲ့ သန့်ရှင်းပေးပါ။ အနာပြဲလို့ မချုပ်ပါနဲ့။ အကိုက်ခံရတဲ့နေရာမှာ ရေခဲကပ်ပါ။ ၁၅-၂ဝ မိနစ်ကြာ။ ၆ နာရီအတွင်းမှာ တနာရီတခါ အဲလိုလုပ်ပါ။ အရေပြားကို တိုက်ရိုက်ရေခဲမကပ်ပဲ အဝတ်တခုခုခံနေစေပါ။ နောက် ၆ နာရီနောက်ပိုင်း အပူကပ်ပေးပါ။ 

• Antihistamine အင်တီဟစ်တမင်းစားဆေးသောက်ပါ။ Benadryl, Chlor-Trimeton, Burmeton, Cetrizine တခုခု သောက်ပါ။ ယားတာ၊ နီတာ၊ ရောင်တာသက်သာစေမယ်။ 

• Benzocaine ဆေးပါတဲ့ ဖြန်းဆေး Solarcaine spray သုံးနိုင်တယ်။ ထုံဆေးဖြစ်လို့ နာတာ၊ ယားတာသက်သာမယ်။

• Calamine, Caladryl lotion လိမ်းဆေးလိမ်းပါ။

• Hydrocortisone cream ကော်တီဇုန်းပါလိမ်းဆေးလိမ်းပါ။ ကလေး ၂ နှစ်အောက်မသုံးရပါ။ ၁၂ နှစ်အောက် စအိုနဲ့ မျိုးပွါးလမ်းနေရာတွေမှာ မသုံးရပါ။ ဆေးတိုင်းကို ဆေးညွှန်းအရသုံးပါ။ အသက်အရွယ်အရ ဆေးအလေးချိန်မှန်ရမယ်။ 

• Aspirin အက်စပရင်ဆေး မသင့်ပါ။

• တချို့မှာ Anaphylaxis ရှော့ခ်ရတဲ့အထိဆိုးတယ်။ အင်ပြင်ပိန့်ထမယ်။ အသက်ရှူတာစီစီစီစီအသံမည်မယ်။ အသက်ရှူခက်မယ်။ သတိလစ်မယ်။ သေဆုံးမယ်။ Large hornets bee ပျားကောင်အကြီးစားကိုက်ခံရရင် ကျောက်ကပ်ထိခိုက်မယ်။ သေနိုင်တယ်။ ဆောရီး။ 

• အလာဂျီရသလို အရေးပေါ်ဖြစ်ရင် Epinephrine ဆေးထိုးပေးရမယ်။ 

• ဗက်တီးရီးယားဝင်တာအတွက် ပိုးသေဆေးလိုမယ်။ အနာဆေးထည့်ရမယ်။ 

• Diphenhydramine (Benadryl) နဲ့ Cortisone ဆေးသွေးကြောထဲသွင်းပေးရတာလည်းရှိနိုင်တယ်။ 

• Oxygen အောက်စီဂျင်လိုသူရှိနိုင်တယ်။ 

ကာကွယ်ဖို့အတွက် Permethrin repellents (Permanone) ခြင်ဆေးလိမ်းဆေးနဲ့ အကောင်ကိုက်မခံရအောင် ကာကွယ်နိုင်တယ်။ အဝတ်အစားဝတ်တာရွေးဝတ်ရမယ်။ DEET 30% ကိုလည်း တချို့နေရာတွေမှာ သုံးတယ်။ ကလေးတွေအတွက် မသင့်ပါ။

မေးတဲ့သူပြောတဲ့အချက်တခုက မှန်တယ်။ လူ၄-၅ ယောက်အတူထိုင်နေတာ သူများထက်ခြင်ကိုက်ခံရသူရှိမယ်။ ခြင်အကိုက်မခံရသူရှိမယ်။ အရပ်သဘောနဲ့ သွေးချိုလို့ပြောကြတယ်။ အမှန်က အဲလိုအင်းဆက်ကောင်တွေ ကြိုက်နှစ်သက်တဲ့သဘာဝမျိုး လူတွေမှာရှိကြတာ မတူလို့ဖြစ်တယ်။ အဲဒီသဘာဝဓါတ်ခံတော့ ပြောင်းမရပါ။ အလာဂျီရတတ်သူတွေ၊ နှင်းကူနာဖြစ်တတ်သူတွေ အတူတူပဲ။ ဆေးဆောင်ထားရမယ်။ 

ဘာကောင်းသေးသေး ကိုက်သလဲ မသေချာတာက များတယ်။ Hydroortisone 1% cream for itching လိမ်းရင် ချက်ချင်းဆိုသလို ယားတာပျောက်မယ်။

ဒေါက်တာတင့်ဆွေ

၃၀-၅-၂၀၁၇

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ