Chemotherapy and your blood sugar ကင်ဆာ ခီမိုသာရာပီ နှင့် ဆီးချို

ဆရာဝန်ကို မေးတာ မဟုတ်ပါ။ မြန်မာပြည်မှာ ကင်ဆာကို ဆရာဝန်ကို မေးလေ့မရှိတော့ပါ။ ဖေ့စ်ဘွတ်ကိုသာ မေးကြတယ်။ ဖြေတဲ့သူတွေကလည်း တပုံတပင်။

ဆီးချိုရှိသူကို ကင်ဆာအတွက် ခီမိုသာရာပီပေးရရင် သကြားဓါတ် တက်လာတာဖြစ်နိုင်။ ကျတာလည်း ဖြစ်နိုင်တယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျုးကြောင့် ဖြစ်တယ်။ ခီမိုသာရာပီကြောင့် အစားပျက်၊ ပါးစပ်အနာပေါက်၊ ဝမ်းပျက်စတာတွေကြောင့် သကြားဓါတ် ကျနိုင်တယ်။

Asparaginase ဆေးနဲ့ busulfan ဆေးတွေက ဆီးချိုတက်စေနိုင်တယ်။

ဆီးချိုအတွက် ဆရာဝန်က ဆေးတိုး ဆေးပြောင်း လုပ်နိုင်တယ်။ ဆီးချိုသမားတွေ စားသောက်ရမဲ့ အစားအသောက်ကို ပိုဂရုစိုက်ရမယ်။

ကင်ဆာအထူးကုဆရာဝန်က လိုအပ်သူတွေကို ဆေးအလေးချိန် ပြောင်းပေးကောင်း ပေးမယ်။

ဖေ့စ်ဘွတ်ကင်ဆာနေရာတွေကလည်း ဆရာဝန်က ဝင်ဖြေရင် တင်မပေးကြတော့ပါ။ မက်စင်ဂျာ ဖတ်ပါရန်။

နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ