Normocytic normochromic anemia ခေါ် သွေးအားနည်းခြင်း
Normocytic normochromic anemia ခေါ် သွေးအားနည်းခြင်းဆိုတာ သွေးနီဥတွေက အရွယ်အစား နဲ့ အရောင် ပုံမှန်သာဖြစ်တယ်။ ဘာကြောင့် ဖြစ်သလဲ။ သိပ်မသိနိုင်လောက်တဲ့ ရောဂါပိုးတခုခုဝင်ခြင်းကနေ ဆက်ဖြစ်တယ်။ ဒါမှမဟုတ် နာတာရှည်ရောဂါ တခုခုရှိသလား။
အားနည်းနေမယ်၊ အရေပြားအရောင် ဖြူရော်ရော်နေမယ်။ တခါတခါ ခေါင်းမူးမယ်။ ခေါင်းကိုက်မယ်။ အာရုံစိုက်ရတာနဲ့ မှတ်မိတာ တခါတခါ နည်းမယ်။ အလုပ်မှာအာရုံစိုက်မှု နည်းတတ်တယ်။
vitamin B12 နဲ့ folic acid ဆေးတွေ နဲ့ ကုသရမယ်။ ထိုးဆေး + စားဆေး + အစားအသောက်။ စာတွေ ဘလော့မှာ ရှိတယ်။
မေးခွန်းမေးသူ အသက်အရ သွေးဆုံးချိန်နဲ့လည်း ဆက်စပ်နေနိုင်တယ်။ Menopause စာတွေ ဘလော့မှာ ရှိတယ်။ စာရေးတာ စာလုံးပေါင်းသတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
Anemia သွေးအားနည်းရောဂါ
မဂ်လာပါဆရာ ကျွန်တော်ညီမလေးအသက် ၁၅ အိမ်ထောင်မရှိ ရာသီမှန်ပါတယ် မကြာခန(ခဏ)ဆိုသလို ခေါင်းမူးတာ ဖြစ်ပါတယ် ခေါင်းမူးပြီးတာနဲ့ မောတာ တွေဖြစ်ပါတယ် ကျောင်းတက်တဲ့အရွယ်ဆိုတော့ စာလဲ တနာရီကနေပိုမကြည့်နိုင်ဘူးမျက်လုံးက အဲ့ဒါဘာဖြစ်တာလဲဆရာ ဘာရောဂါလဲ ဆောင်ရန်ရှောင်ရန်လေးသိပါရစေ။
ဒီအရွယ်မှာ ပဌမဆုံး သွေးအားနည်း မနည်းကို စဉ်းစားရမယ်။ သွေးထဲက Hb နည်းမနည်း စစ်ရင် သိမယ်။ မေးခွန်းပါကလေးမှာ အဲဒါဖြစ်နေတယ်လို့ ပြောတာတော့ မဟုတ်ပါ။
Anemia သွေးအားနည်းရောဂါ https://dr-tint-swe.blogspot.com/2021/09/anemia.html
Iron Deficiency Anemia သံဓါတ်နည်း သွေးအားနည်းရောဂါ https://dr-tint-swe.blogspot.com/2020/12/iron-deficiency-anemia.html
Anemia and Women အမျိုးသမီးနဲ့ သွေးအားနည်းရောဂါ https://dr-tint-swe.blogspot.com/2020/12/anemia-and-women.html
Macrocytic Anemia မက်ခရိုဆစ်တစ် သွေးအားနည်းရောဂါ https://dr-tint-swe.blogspot.com/2022/05/macrocytic-anemia.html
Normocytic normochromic anemia ခေါ် သွေးအားနည်းခြင်း https://dr-tint-swe.blogspot.com/2023/05/normocytic-normochromic-anemia.html
စာရေးတာ သတ်ပုံ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ မြန်မာစာလည်း သွေးအားကောင်းလာပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment