Questions ဘာတွေ မေးကြသလဲ

မေးကြလွန်းလို့

တင်ပါအုန်းဆိုလို့

ခဏခဏမေးကြလို့

အဲလိုဟာတွေကို မကြာခဏဖတ်ရတယ်။ ကျွန်တော့ကို မေးကြတာတွေက အချိန်ကာလအရ ပြောင်းနေပါတယ်။ ဆေးပညာစာတွေ စရေးစဉ် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကိုယ်ဝန်နဲ့ဆိုင်တာတွေ အမျိုးမျိုးမေးကြတယ်။ တားနည်းတွေ၊ ဖျက်နည်းတွေ၊ ဆီးစစ်နည်းတွေ စသဖြင့်။

လိင်ကတဆင့်ကူးစက်ရောဂါတွေလည်း ပါတယ်။

ရာသီအလိုက် တုပ်ကွေး၊ ဝက်သက်၊ ရေကျောက် စတာတွေ မေးကြတယ်။

နောက်မှာ ကင်ဆာ၊ ကင်ဆာ၊ ကင်ဆာ။

နောက်တော့ ရောဂါမျိုးစုံ မေးကြတယ်။ HIV TB အသည်းရောင် B နဲ့ C စတာတွေ။

အခုတော့ ကင်ဆာကို ဖေ့စ်ဘွတ်ကိုသာ မေးကြတော့တယ်။ ရောဂါမျိုးစုံကိုလည်း ဖေ့စ်ဘွတ်။

အခုဘာတွေမေးကြသလဲ။ အရင်လိုမေးခွန်းတွေ အလာကျဲသွားပြီ။ ဖေ့စ်ဘွတ်ကနေ အဖြေမရတာတွေသာ မေးကြတယ်။ 

မေးကြလွန်းလို့ ဆိုတာ မရှိပါ။ တင်ပါအုန်းဆိုလို့ ဆိုတာ မရှိပါ။ ခဏခဏမေးကြလို့ ဆိုတာ မရှိပါ။ ဖြေရတာ သက်သာလာပါတယ်။ အဲတော့ မြန်မာစာ ရေးချိန်ရလာတယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ