Side effects of ibuprofen ဘေးထွက်သက်ရောက်မှုများ

ဆရာရှင့် ကျွန်မ COVID ဒုတိယလှိုင်းတုန်းက ဖြစ်ခဲ့ပါတယ်။ အဲဒီးတုန်းက ဆရာဝန်က ibuprofen ဆေးပေးလို့ တစ်ကြိမ်(တကြိမ်)သောက်ပြီး နှုတ်ခမ်းတွေ အဆမတန်ရောင်လာပြီ အသက်ရှူကြပ်လာပါတယ် (အဲဒီတုန်းကတော့ ibuprofen သောက်လို့ဖြစ်တာလို့ သတိမထားမိခဲ့ပါဘူး) တတိယလှိုင်းမှာ ထပ်ပြီး ဖျားပါတယ်။ ဆရာဝန်ကလည်း ibuprofen ထပ်တိုက်ပါတယ်။ အဲဒါမျိုးထပ်ဖြစ်ပါတယ်။ အသက်ရှူ ခက်ခဲတဲ့ အထိဖြစ်သွားပါတယ်။ တစ်ရက်(တရက်) မိတ္ထီလာ ဘက်ခရီးသွားခါနီး ခေါင်းကိုက်လာတာနဲ့ alexan 500mg တစ်လုံး(တလုံး) သောက်လိုက်ပါတယ်။ ကားပေါ်ရောက်တော့ အသက်ရှူရတာ မခက်ခဲပေမဲ့ မျက်နှာတွေ နှုတ်ခမ်းတွေ ရောင်လာပါတယ်။ နောက်ပိုင်းမေ့မေ့ပျောက်ပျောက်နဲ့နေ ခဲ့ပြီး မနေ့ကတော့ ဆီးအရမ်းကျင်ပြီး ဆီးသွားရတာခက်ခဲနေလို့ ဆရာဝန်ပြပါတယ်။ ဆရာဝန်က အောက်ဖေါ်ပြပါဆေး အထုပ်ကို အရည်ဖျော်ပြီး တစ်နေ့(တနေ့) နှစ်ကြိမ်သောက်ခိုင်းပါတယ်။ ဆေးသောက်ပြီး ၁၀မိနစ်လောက်အတွင်းမှာပဲ တရှိန်ရှိန်နဲ မျက်နှာတွေ နှုတ်ခမ်းတွေ ရောင်လာပြီးအသပ်ရှုရတာခက်ခဲလာပါတယ်။ အတော်နေရထိုင်ရတာဆိုးသွားပေမဲ့ ညပိုင်းလည်းဖြစ်နေလို့ ဆရာဝန်ဆီ အကျိုးအကြောင်းလည်းသွားမပြော ၊သွားလည်းမပြပဲ ညကတော့ အသက်ကို ခတ်ပြင်းပြင်းရှူထုတ်လိုက်၊ရှူထုတ်လိုက်လုပ်ပြီး ရေများများသောက်ပြီး အိပ်သွားပါတယ်။ ကျွန်မ သိချင်တာက ကျွန်မက ဘာဆေးနဲ့ မတည့်တာလဲ။ ကျွန်မသောက်တဲ့ ဆေးတွေထဲမှာဘာတွေ ပါနေလို့ မတည့်တာလဲရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။ အသက် ၅၁နှစ်ပါ။

Kataria = Sodium Citrate ဆီးအက်စစ်ဓါန်နည်းစေတဲ့ဆေး။

Side effects of ibuprofen ဘေးထွက်သက်ရောက်မှုများ

Headaches ခေါင်းကိုက်

Feeling dizzy ခေါင်းမူး

Feeling sick (nausea) ပျို့

Being sick (vomiting) အန်

Wind လေပွ

Indigestion အစာမကျေ

Serious allergic reaction ဆိုးသော အလာဂျီရခြင်း

In rare cases, it's possible to have a serious allergic reaction (anaphylaxis) ရှားရှားပါးပါး ရှော့ခ် ရနိုင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ