ကြော်ငြာဆေး၊ အရပ်ဆေး၊ ဖေ့စ်ဘွတ်ဆေးတွေ တခုတလေမှ မသင့်၊ မကောင်း၊ မမှန်ပါ

ဆရာရှင့် ကုသလို့ပျောက်ကင်းနိုင်လားစိုးရိမ်ရလားသိချင်ပါတယ်ရှင့်

Ovarian cancer မျိုးဥအိမ်ကင်ဆာ https://dr-tint-swe.blogspot.com/2021/08/ovarian-cancer.html

5-year survival rate ကင်ဆာလူနာ ငါးနှစ်အသက်ရှင်နှုန်း https://dr-tint-swe.blogspot.com/2021/05/5-year-survival-rate.html

ဟုတ်ကဲ့ပါဆရာရှင့် ဒီဆေးလေးကောင်းလားရှင်

အမေက သားအိမ်ကင်ဆာ အဆင့် 1 ပါ ဆေးသွင်းတာ 1 ကြိမ်ရှိပါပီ

ကြော်ငြာဆေး၊ အရပ်ဆေး၊ ဖေ့စ်ဘွတ်ဆေးတွေ တခုတလေမှ မသင့်၊ မကောင်း၊ မမှန်ပါ။ 

ပါပြီလို့ ရေးရ ပါပီဆိုတာ ခွေးကလေး။ မြန်မာပြည်မှာ ခွေးကလေးမွေးသူဦးရေ တိုးလာတာ ၄-၅ နှစ်ရှိပြီ။ ခွေးရူးကာကွယ်ဆေးအကြောင်း ခဏခဏ ဖြေရတယ်။

ပို့ပေးတဲ့ဆေးကြော်ငြာပုံ မသုံးပါ။ သုံးမိရင် မဟုတ်ဘူးပြောလည်း ဘယ်မှာဝယ်ရမလဲတဲ့။ ပိုက်ဆံလိုချင်လို့ရောင်းတဲ့ဆေးလို့ရေးလဲ ဘယ်ဘောက်ပေးရသလဲတဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ