ပဲကြော်

အိမ်မှာ ကြော်နေတယ်။ ဒီအရပ်မှာက ညှော်နံ့အတွက် အိမ်ပြင်ထွက်ကြော်ရတယ်။ အပြင်မှာ မိုးတိမ်တဝက် နေတဝက်။

မနေ့က မြန်မာပြည်ကလာနေသူတွေ ဖွင့်ထားတဲ့ဆိုင်တခုမှာ မြန်မာပြည်ကအစားအစာတချို့ မရှိတော့ဘူးတဲ့။ ဈေးဝယ်ပြန်လာသူတယောက်က ပြောတယ်။ ‘အက်ဖ်ဒီအေ’ ကနေ တားသတဲ့။ ဆောရီး။

ဒီတိုင်းပြည်မှာ အဲလို ‘အက်ဖ်ဒီအေ’ ကတားမြစ်တာတွေအကြောင်း နှစ်ကြိမ် တင်ပြဘူးတယ်။ သန့်ရှင်းရေးအပြင် ‘ခဲဓါတ်’ နဲ့ ‘အာဆဲနစ်ဓါတ်’ ခွင့်ပြုချက်ထက် များရင် ရောင်းချခွင့် မပြုပါ။ တိုင်းရင်းဆေး တချို့နဲ့ သနပ်ခါးထုတ်ကုန်ပစ္စည်းတွေ။ အားလုံး မဟုတ်ပါ။ စစ်ဆေးလို့ သတ်မှတ်ချက်နဲ့ မညီတာတွေသာ။

‘အက်ဖ်ဒီအေ’ ခွင့်ပြုချက်ဆိုတာ ဘာလဲ တင်ပြပြီးပြီ။ လူကို အန္တရာယ် မပြုရင် ခွင့်ပြုတယ်။ အားဆေးနဲ့ ဖြည့်စွက်စာဆိုရင် ခွင့်ပြုတယ်။ သတိထားဘို့က ဒီအရာအား စားသုံးသော် ဒီရောဂါကို ပျောက်စေမယ်လို့ အာမခံတာ မဟုတ်ပါ။ အဲလိုအချက်က နောက်တမျိုး ရှိတယ်။

ခပ်လွယ်လွယ်ရေး၊ ခပ်ပေါ့ပေါ့ ပြောနေကြတာများတယ်။ ဖြဲခြောက်တာ လျှော့ပေါ့ရေးတာတွေကို ဘာမဆို အဟုတ်ထင်သူက ပိုများတယ်။

မြန်မာပြည်သားတွေ ဘယ်မှာနေနေ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားသုံးနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ