အောင် နဲ့ အောင့်

(ကန်တေ့ာ)

ဆရာကန်တေ့ာပါ ကျွန်တော်ကပ်ပယ်အိတ်တဖက်က အပေါ်ကပ်ပြီး အောက်နေလို့ ပျောက်သွားလိုက်ဖြစ်လိုက်နဲ့ ကျွန်တော်အထိုင်များပါတယ်ဆရာ ဆေးကုသမှုခံယူရမှာလားဆရာ

ပြန်မေးရလိမ့်တယ်။ အောင် နဲ့ အောင့် အတော်မတူပါ။ အောက်ဆိုတာ အောက်ကျနေတာ။ အပေါ် အထက်တို့နဲ့ ပြောင်းပြန်။ အောင့်တယ်ဆိုတာ နာခြင်းတမျိုး။

စာလုံး ၂ နဲ့ဆိုင်တဲ့ ရောဂါတွေကလည်း မတူပါ။ အူကျတာက ဗိုက်ထဲမှာနေရမဲ့ အူတွေက အောက်ကို ကျဆင်းလာတာ။

ကျားအစိအကြောရောင်ရင် နာမယ်။ အောင့်တယ်။

ကာလကြာချိန်လည်း မေးရမယ်။ 

အူကျတယ်ဆိုတာ ကြာမယ်။ နှစ်တွေများစွာအထိ ကြာနိုင်တယ်။ အကြော အစိရောင်တာက ရက်တိုသာဖြစ်တာ။

ဖြစ်တဲ့သူ အသက်လည်း မသိရပါ။ တချို့ရောဂါတွေအတွက် အသက်အပိုင်းအခြား လိုတယ်။

အဲဒါတွေကြောင့် 

၁။ မေးနည်းစည်းကမ်းကို အခါတရာလောက် တင်ပြထားပါတယ်။

၂။ စာအရေးအသား၊ စာလုံးပေါင်းသတ်ပုံနဲ့ အသံထွက်အကြောင်းကိုလည်း အမုန်းခံပြီး ရေးနေရတာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ