မကျန်းမာသော ပျက်စီးနေသော မမှန်ကန်သော မေးခွန်း

ကျမသူငယ်ချင်ရယ်ယောက်ကျပါရှင်းပါစပ်မှာနာဖြစ်နေလိုပါရှင်းဆေခန်ပြတာသွေစစ်ကတယ်လိုပြောတယ်သွေစစ်တာဖြေကရပြီသူယောက်ကျကခရီထွက်နေတော့ဖြေမသိကဘူဖြစ်နေလိုပါရှင်သိကြာတဲ့သူရှိရင်ဖြေပေကြာပါဆရာဝန်နက်မတွေကတော့စိတ်ပူလိုပါစိုရိမ်စရာရှိလာဆိုတာပြောပေကြာပါရှင်

မေးတာ ရေးတာကို နားမလည်။ ကျွန်တော့ကို မေးတာ မဟုတ်ပါ။ ကျွန်တော့ကို မေးတာဆိုရင် နားမလည်တာကို ပြန်မေးပါမယ်။

ဖတ်လို့ရသလောက် HIV မရှိပါ။

ဖြစ်တဲ့သူဟာ မေးတဲ့သူရဲ့ သူငယ်ချင်းလား၊ သူငယ်ချင်းနဲ့ သူ့ယောက်ျားလား၊

အနာဖြစ်တာပါလား။

ဆရာဝန်နက်ဆိုတာ အသားမည်းတဲ့ဆရာဝန်လား။

သွေးစစ်တာလား။ ကခုန်တာလား။

မသိရတာလား။ ကခုန်တာလား။

သွေးစစ်သွားရင် ကသတဲ့။ ဝါသနာအတော်ကြီးပုံရတယ်။ ပန်တျာကျောင်းဆင်းလား မသိ။

ဒေါက်တာတင့်ဆွေ

၂၉-၆-၂၀၂၁

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ