Cancer ဆရာဝန်ကို မမေးလိုကြသော ကင်ဆာ မေးခွန်းများ

၁။ သားအိမ်ခေါင်းကင်ဆာ အဆင့်1b သားဥပြွန် နဲ့ သားအိမ်ထုတ်ထားတာ ၁၀ရက်ရှိနေပါပြီ။ သွေးပြန်ဆင်းနေလို့ og နဲ့ပြတာ ဆေး ၅ ရက်စာပေးလိုက်တယ်။ ဘာလို့ပြန်ဆင်းလဲသိချင်လို့ပါ ဖြေပေးပါနော်။ စိတ်အရမ်းပူနေလို့ ကျေးဇူးပါရှင်။

စမ်းသပ် ကုသပေးတဲ့ ဆရာဝန်ကသာ သိပါမယ်။ ဘေးလူတွေက အထင်နဲ့ ပြောကြတာ မမှန်နိုင်ပါ။

၂။ တပင်တိုင်မြနန်းဆေးပေါင်းရည်တိုက်ပါ

နိုး နိုး နိုး

၃။ လည်ပင်းမှာ အကျိတ်သေးသေးလေးတစ်ခုဖြစ်နေပါတယ်။ လည်ပင်းကင်ဆာလား ရိုးရိုးလည်ပြွန် ကျိတ်ရောင်တာလား ဘယ်လိုခွဲလဲ သိချင်ပါတယ်။အကျိတ်က အရွယ်အစား ဘယ်လောက်ဆိုရင် လည်ပင်းကင်ဆာ လို့ သတ်မှတ်လို့ ရပြီလဲလည်း သိချင်ပါတယ်။

စမ်းသပ် ကုသပေးတဲ့ ဆရာဝန်ကသာ သိပါမယ်။ ဘေးလူတွေက အထင်နဲ့ ပြောကြတာ မမှန်နိုင်ပါ။

၄။ အမေက အဆင့် ၂ပါ ဆေးနှစ်ကြိမ်သွင်းပြီးပြီး ဆေးသွင်းပြီးကိုက်ခဲနေတာကိုသက်သာအောင်နည်းလမ်းရှိလားရှင့်  ငှက်သိုက် Ensure တို့သောက်လို့ရလားရှင့်

ငှက်သိုက် ပိုက်ဆံပိုပါက သောက်လိုက သောက်နိုင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ