Child blood pressure သွေးဖိအားတိုင်းတာမှာ သတိထားစရာတွေ ရှိတယ်

မင်္ဂလာပါ ဆရာ ကျွန်တော်၏ သား အသက် (၉)နှစ် ရာသီ တုပ်ကွေး ဖျားလို့ ဒီနေ့ (၁၆-၆-၂၀၂၃ ရက်နေ့) ရိုးရိုးဆေးခန်းသွားပြပါတယ်ဆရာ၊ ဆရာဝန်က အပေါ်သွေး (၁၄၀)ရှိလို့ ကလေးအရွယ် သွေးတိုးနေတာကြောင့် ကလေးအထူးကုနဲ့ ပြခိုင်းပါတယ်ဆရာ။ အဖျားအတွက်တော့ သောက်ဆေး ပေးလိုက်ပါတယ်။ အဲဒါ ကလေးအထူးကုနဲ့ ချက်ချင်းပြဖို့ လိုအပ်/မလိုအပ်နဲ့ ကလေးသွေးတိုးတာနဲ့ပတ်သက်ပြီး ဆရာ့ဆီက အခြား အကြံဉာဏ်လေးများ လိုချင်ပါတယ် ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ

သွေးတိုး ခေါ် သွေးဖိအားတိုင်းတာမှာ သတိထားစရာတွေ ရှိတယ်။ နောက်ပေါ် ဒစ်ဂျစ်တယ်လ် ခေါ် ဓါတ်ခဲသုံး ဂဏန်းပြကရိယာတွေက မမှန်တတ်ပါ။ ပြဒါးတိုင်ပါ သို့မဟုတ် ဒိုင်ခွက်ပြ ကရိယာကို သုံးကြရတယ်။

လက်မောင်းပတ်တာလည်း ကလေးအတွက်ဆို ကျယ်နေရင် မမှန်တာ ပြာတတ်တယ်။

မေးခွန်းပါ သွေးဖိအားကို မှားနေတယ်လို့ ပြောတာတော့ မဟုတ်ပါ။ ထပ်တိုင်းကြည့်သင့်တယ်။ အဲဒါလည်း အပေါ် ၁၄၀ နဲ့ အောက် ၉၀ ကျော်နေရင် အထူးကုဆရာဝန်ကို ပြသင့်တယ်။ 

သွေးဖိအားကို ဂဏန်းတမျိုးတည်း မဖတ်ရပါ။

ကလေးများ ပုံမှန်သွေးဖိအား


ဟုတ်ကဲ့ပါ ဆရာ။ Digital သွေးပေါင်ချိန်စက်နဲ့ ပထမ တိုင်းပါတယ် ဆရာ။ နောက် ထပ်ပြီး ပြဒါးတိုင်ပါတာနဲ့ ပြန်တိုင်းပြီး လမ်းညှန်မှုပြုတာပါ ဆရာ။ လူနာမှတ်တမ်း စာအုပ်မှာ 140/80 mg ပါဆရာ။ကလေးက သူ့အရွယ်နဲ့စာရင် နဲနဲ ဝ ပါတယ်ဆရာ ကျေးဇူးပါ ဆရာ

ကလေးများ ပုံမှန်သွေးဖိအား

Age Systolic pressure, mm Hg Diastolic pressure, mm Hg

Infant, 6 months 87-105 53-66

Toddler, 2 years 95-105 53-66

School age, 7 years 97-112 57-71

Adolescent, 15 years 112-128 66-88

မေးခွန်းပါကလေး သွေးတိုးလို့တော့ မပြောနိုင်သေးပါ။ ကိုယ်အလေးချိန်ထိန်း၊ ချနိုင်အောင် လုပ်သင့်။ ကိုယ်လက်လှုပ်ရှား အားကစား ပုံမှန် လုပ်သင့်။ အချို၊ အဆီ လျှော့စားသင့်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ