Diagnosis ရောဂါရှာဖွေနည်းများ

ကင်ဆာကို ဘယ်လိုစစ်ဆေးရသလဲစာ တင်လိုက်ပြီ။ စာထဲမှာ မထည့်အားသေးတဲ့ စစ်ဆေးနည်းတွေလည်း ရေးထားပြီးသား ရှိသေးတယ်။ 

တချို့ရောဂါတွေက စစ်ဆေးရတာ ခက်တယ်။ တချို့ရောဂါတွေက အင်မတန်လွယ်တယ်။

လူနာက ပြောပြတာ နားထောင်တာနဲ့ သိနိုင်တာလည်း ရှိတယ်။

လူနာကို သိလိုတာထပ်မေးရင် သိနိုင်တာလည်း ရှိတယ်။

မျက်စိနဲ့ကြည်တာနဲ့လည်း တချို့ကို သိတယ်။

လက်နဲ့ စမ်းတာနဲ့လည်း သိနိုင်တာတချို့ ရှိတယ်။ 

မေးခွန်းဖတ်တာနဲ့လည်း သိနိုင်တာ ရှိတယ်။

အွန်လိုင်းကနေသာ ဖြေရတာဖြစ်တော့ စာရေးတာကို အားကိုးရတယ်။ အဲဒါကြောင့် စာရေးမှန်အောင်ကိုပါ တင်ပြနေရတယ်။ 

သတ်ပုံမမှန်ပေမဲ့ ဆိုလိုချက်ကို သဘောပေါက်ရင်လည်း သိနိုင်တာတချို့ ရှိတယ်။

မေးခွန်းကို ပို့စ်မှာသုံးရင်တော့ စာရေးမှာတာတွေ အကုန်ပြင်ရတယ်။ ကိုယ့်အမည်နဲ့ သတ်ပုံအမှား တွဲမြင်ခံရမှာ အလွန်ရှက်တယ်။

တချို့က သူများရေးတာကို ယူလိုက်လို့ပါလို့ ပြန်ဖြေတယ်။ ရေးသူကလည်း မှားနေမှန်း မသိ။ ရှယ်သူကလည်း မှားနေမှန်း မသိတာတွေ အတော်များတယ်။ 

အဲဒီရောဂါမျိုးက ဖတ်တာနဲ့ သိတယ်။ ဓါတ်ခွဲခန်းပို့စစ်ရန် မလို။ ဘိုင်အော့်ပ်စီ မလို။ ထိုင်းနဲ့ နယူးဒေလီပို့ စစ်ရန်မလို။ ဖေ့စ်ဘွတ်ကစာကို ရိုးရိုးမျက်စိနဲ့ သိတယ်။

မေးခွန်းအစအဆုံး မှန်အောင်ရေးတာ (ရောဂါကင်းတာ) ၁၀% ထက်နည်းတယ်။

နက်ဖြန်လောက်ဆို ၁ဝ့၂၅% လောက်ထိ တိုးတက်လာပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ