Durian myths ဒူးရင်းသီး နှင့် အရက်

- မှား မမှန် လွဲ

- နေမင်း နေနေ ဆေးပညာ နားမလည်ပါ ဆရာ ‌ကျန်းမာရေးအရ တွေ့တာမျှဝေတာပါ ဆရာ

- ကျွန်တော်က ဆေးပညာနဲ့ ကျန်းမာရေးကို အတူတူ ထားပါတယ်။ မှားရင် မှားတယ်လို့သာ ရေးတယ်။ တင်ပြထားတာ ၂ ကြိမ်ရှိပြီ။

(၁)

ဒူးရင်းသီးနဲ့ ကိုကာကိုလာတွဲပြီး စားသောက်ရင် သေတယ်လို့ပြောတာ မဟုတ်ကြောင်း (ယူကျု) မှာ စားသောက်ပြတဲ့ ဗီဒီယိုတခုရှိပါတယ်။ Mythbusting: Durian + coke = death? https://www.youtube.com/watch?v=zDxn5Ag4SZ0

(၂)

Five Myths about Durians https://www.rafflesmedicalgroup.com/health-resources/health-articles/five-myths-about-durians/

ကျွန်တော်က ဆေးပညာနဲ့ ကျန်းမာရေးကို အတူတူ ထားပါတယ်။ မှားရင် မှားတယ်လို့သာ ရေးတယ်။ တင်ပြထားတာ ၂ ကြိမ်ရှိပြီ။

Durian myths and facts: The truth about its connection to alcohol, cholesterol, libido and more https://www.malaymail.com/news/life/2019/07/05/durian-myths-and-facts-the-truth-about-its-connection-to-alcohol-cholestero/1768624

MYTH 3 အထင်မှား (၃)

ဒူးရင်းသီးနဲ့ အရက်တွဲမိရင် သေနိုင်တယ်ဆိုတာ မှားတယ်။ သိပ္ပံနည်းကျ အထောက်အထား မရှိပါ။ ဒူးရင်းသီးမှာ fibre ဖိုက်ဘာနဲ့ carbohydrate ကာဘွန်ဟိုက်းရတ် များလို့ စားပြီးရင် heartburn and bloatedness ရင်ပူ ရင်ပြည့်ဖြစ်မယ်။ အရက်နဲ့တွဲစားမိရင် အဲဒါကပိုဆိုးနိုင်တယ်။ 

ဒူးရင်းသီးရော အရက်ပါ များရင် ဆိုးတာတွေဆက်ဖြစ်နိုင်တယ်။

ဒူးရင်းသီးစားပြီး ကိုကာကိုလာ သောက်ရင်သေတယ်ဆိုပြီး တင်တာ ထပ်တွေ့ပြန်တယ်။ မဟုတ်ပါ။ အမှားတွေ မမှန်တာတွေ အတုတွေဆို လူကြိုက်များတယ်။ အခုလိုရေးတဲ့စာ တင်နေကြတာ နှစ်တွေကြာပြီ။ တွေ့ကတည်းက သုတေသနတွေလိုက်ရှာပြီး တင်ထားတယ်။ ဒူးရင်းသီးနဲ့ ကိုကာကိုလာတွဲပြီး စားသောက်ရင် သေတယ်လို့ပြောတာ မဟုတ်ကြောင်း (ယူကျု) မှာ စားသောက်ပြတဲ့ ဗီဒီယိုတွေ ရှိပါတယ်။ 

၁။ Mythbusting: Durian + coke = death? https://www.youtube.com/watch?v=zDxn5Ag4SZ0

၂။ DURIANS + COCA COLA || Durians Monthong || Mjas Chamkar https://www.youtube.com/watch?v=DMwqLV4-FmU

၃။ Durian, coke a deadly combo? Adel Tamano dispels myth https://abogado.com.ph/durian-coke-a-deadly-combo-adel-tamano-dispels-myth/

အခုထပ်တင်လို့ ထပ်ရှာတော့ သက်သေခံဗီဒီယိုတွေ ထပ်တွေ့တယ်။ ပဌမလူက ဟောင်ကောင်တရုပ်၊ နောက် ထိုင်းဦးဇင်းတပါး။ နောက်တဦးက ဖိလစ်ပိုင်။

ဒူးရင်းသီး ဆွမ်းတော်တင်ခြင်းအမှု https://dr-tint-swe.blogspot.com/2022/04/blog-post_219.html

Durian ဒူးရင်းသီးနဲ့ ကျန်းမာရေး https://dr-tint-swe.blogspot.com/2022/05/durian.html

ဘယ်သတင်းမဆို၊ ဘယ်အကြောင်းအရာကိုမဆို ချဲ့ကားမရေးရ။ ဖြဲမခြောက်ရ။ လျှော့ပေါ့မရေးရ။

အမေ့ကောက်ပြီး ထပ်တင်ကြဦးမှာလည်း ကြိုသိထားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ