National Cancer Survivors Day ကင်ဆာကို ကျော်လွှားနိုင်သူများနေ့

ယူအက်စ်အေမှာ National Cancer Survivors Day Foundation ကနေ ဦးစီးဆောင်ရွက်တယ်။ ယူအက်စ်အေမှာ ကင်ဆာကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့သူပေါင်း ၁၇ သန်းရှိတယ်။ အဲဒါက မနှစ်ကစာရင်း။ ၂၀၃၀ ဆိုရင် ၂၂ သန်းထိရှိဘို့ မျှော်မှန်းထားပါသတဲ့။

အင်္ဂလိပ်လို နေရှင်နယ်နဲ့ ရေးပါတယ်။ ထုံးစံအတိုင်း ဘာသာပြန်ရင် နားလည်မှု မှားစေနိုင်တယ်။ အများစုက နေရှင်နယ်လ်ကို အမျိုးသားလို့ ဘာသာပြန်ကြတယ်။ ဒီအသုံးက ယူအက်စ်အေမှာ သူ့တိုင်းပြည်အတွက် သူ့နိုင်ငံနဲ့ဆိုင်တဲ့နေ့။ နိုင်ငံတကာနေ့ မဟုတ်ပါ။

သူတို့ဆီမှာ နှစ်စဉ် ကျင်းပကြတာနှစ်ပေါင်း ၃၀ ကျော်ပြီ။ ဇွန်လ ပဌမ တနင်္ဂနွေနေ့။ ၆-၆-၂၀၂၁ နေ့၊ ၅-၆-၂၀၂၂ နေ့၊ ၄-၆-၂၀၂၃ နေ့။ 

မြန်မာပြည်မှာလည်း ကင်ဆာကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သူအရေအတွက် တိုးသည်ထက် တိုးများ လာပါစေသတည်း။

25 Celebs with Breast Cancer ရင်သားကင်ဆာနဲ့ အသက်ရှင်သန်နေကြတဲ့ ဆယ်လဖ် (ဆလက်ဘ်) ၂၅ ယောက် https://dr-tint-swe.blogspot.com/2021/07/25-celebs-with-breast-cancer.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ