Optic neuritis မျက်စိအာရုံကြောရောင်ခြင်း

ဆရာရှင့် အသိညီမတယောက်မှာ Optic Neuritis ဖြစ်တယ်ဆိုပြီး MRI ဦးခေါင်းကို ရိုက်ရတယ်ရှင့်။ Optic Neuritis ဆိုတာ ဘယ်လိုရောဂါဝေဒနာမျိုးပါလဲရှင်။ ဘယ်လိုကုသလျင် ရောဂါဝေဒနာ သက်သာပါမလဲရှင်။ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသူတဦးဖြစ်ပါသဖြင့် ရှောင်ကြဉ်ရမည်များနှင့် ပြုမူနေထိုင်ရန် လိုအပ်သည်များအား ကျေးဇူးပြု၍ လမ်းညွှန်ပြပေးပါရှင့်။

Optic neuritis ဆိုတာ မျက်စိအာရုံကြောရောင်ခြင်း ဖြစ်တယ်။ မျက်စိအကြည့်မကောင်းဖြစ်မယ်။ multiple sclerosis, cytomegalovirus, Lyme disease and herpes ရောဂါ တခုခုနဲ့ ဆက်စပ်နေတတ်တယ်။

သူ့အလိုလို တိုးတက်သက်သာလာလေ့ရှိတယ်။ ဥပမာ ၆ လ။

steroid medications တချို့ကို ရောင်တာသက်သာအောင် ဆေးပေးတယ်။ ဆေးရဲ့ ဘေးထွက် သက်ရောက်မှုကိုလည်း သတိထားရတယ်။ ဆေးကို သွေးပြန်ကြောကနေ ပေးလေ့ရှိတယ်။

ဆိုးတဲ့လူနာတွေကို plasma exchange therapy ကုသနည်း လုပ်ပေးနိုင်တယ်။ 

မေးခွန်းရေးသူ ညီမတယောက်၊ တဦး စာရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ