Povidone-Iodine ပိုးသန့်ဆေး

ဆရာခင်ဗျာ အဲဒီဆေးရည်ရဲ့ အာနိသင်ကို သိချင်လို့ပါဆရာ အရပ်ခေါ်ဆေးအမည်ကတော့ ဆေးဝါရည်လို့ ခေါ်ကြပါတယ်ခင်ဗျာ

Betadine, Povidone iodine 9-12% အနာ ဒဏ်ရာ ကလေးချက်ကြိုးတွေအတွက် ပိုးမဝင်အောင် ထည့်ရတဲ့ဆေးဖြစ်တယ်။

ပိုးသန့်ဆေးတွေ

အဆင့် (၁) Dettol (ဒက်တောလ်) က ဆေးခန်းရော အိမ်တွေမှာပါ အသုံးအများဆုံးဖြစ်တယ်။ Chloroxylenol ပါတယ်။

အဆင့် (၂) Alcohol အရက်၊ Ethanol အရက်ပြန်၊ Isopropanol (70% Ethanol) ကို ဆေးရုံ-ဆေးခန်းသုံးခေါ်တယ်။ ဆေးမထိုးခင်၊ မခွဲစိတ်ခင် အရေပြားကို ပိုးသန့် ပေးတယ်။ အနာထဲ သွားမထည့်ရပါ။ သက်မဲ့ မျက်နှာပြင်တွေအတွက် မသုံးရပါ။ HIV ပို၊ ဘီပိုး၊ စီပိုးတွေအတွက် ပိုပြင်းတဲ့ (80% Ethanol + 5% Isopropanol) ကို သုံးရတယ်။ မှို၊ အခွံပါ (ဗက်တီးရီးယား) နဲ့ အသည်းရောင် (အေ) ပိုးတွေအတွက် အရက်ပြန်က အသုံးမကျပါ။

အဆင့် (၃) အိုင်အိုဒင်းကို Betadine, Povidone-Iodine နာမည်တွေနဲ့ လာတယ်။ ဆေးရုံ-ဆေးခန်းတွေမှာတော့ Iodine ကို Alcohol နဲ့ရောပြီး၊ 2% ကို သုံးရတယ်။ ဒိထက် ပြင်းရင် လောင်စေတတ်တယ်။ အရက်ပြန်လို အနာထဲမထည့်ရဘူး။ အနာဘေးက အရေပြားကိုသာ သန့်ပေးဘို့ သုံးရတယ်။ Tincture of Iodine (2-7% Sodium iodide or Potassium iodide) ခေါ်တာက (အိုင်အိုဒင်း) ကို Ethanol နဲ့ ရောထားတာ ဖြစ်တယ်။ Tincture of benzoin ဆိုတာက (အိုင်အိုဒင်း) မပါဘူး။ အနာသေးသေးတွေကို ထည့်တဲ့ဆေး။ (တိပ်)၊ (ပလာစတာ) တွေ ပိုကပ်စေအောင်လည်း သုံးနိုင်တယ်။ Povidine ဟာ ရေနဲ့ စပ်ထားတဲ့ Iodine 10% ဖြစ်ပြီး ပိုကောင်းတယ်။ ပြည်တည်နာတခုကို ဘယ်လောက် သေးသေး (အိုင်အိုဒင်း) မရှိရင်၊ မခွဲပါနဲ့။ မွေးစကလေးချက်ကိုထည့်နိုင်လို့ ကလေးအသက်ပေါင်းများစွာကို ကယ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ