Prosure ပရိုရှူးဝါး တခွက် ဖျော်နည်း
Prosure ပရိုရှူးဝါး တခွက် ဖျော်နည်း
240 ml = 1 US cup
240 ml = 8 US fluid ounces
ရေ 95ml ကို ခွက်သန့်တခုထဲ ထည့်ပါ။
ရေထဲကို Scoop ခေါ် ဗူးမှာတွဲပါတဲ့ ခွက်ငယ် ၉ ဇွန်းပြင်ညီ ထည့်ပါ။ Prosure powder (75g) နဲ့ညီမျှတယ်။
သမအောင် မွှေပါ။
နောက်ထပ် ရေ 95ml ထည့်ပြီး မွှေပါ။
ရေဆိုတာ ရိုးရိုးရေသန့်။ ပိုပူရန် မလို။ ပိုအေးရန် မလို။
ရေပမာဏဟာ ခွက်တဝက်စီသဘောသာဖြစ်တယ်။
သောက်သုံးရန် အဆင်သင့်ဖြစ်ပြီ။
၂။ ကင်ဆာသမားတွေကို ဘာအာဟာရအမှုန့်တိုက်ကြလဲရှင့် အမေကအစားနည်းလို့ အာဟာရမှုန့် / ကိုယ်ခံအားတက်တဲ့ အမှုန့်အဲ့လိုလေးတိုက်ချင်လို့ပါရှင်
၃။ ကင်ဆာသမားတွေအတွက် prosure ရှိတယ် သက်ကြီးနာတာရှည်နလံထတွေကို ensure တိုက်ကြတယ် ဆီးချိုသမားဆို glucernaတိုက်ကြတယ်
အာဟာရဆရာဝန်တချို့က အားလုံးကောင်းတယ် ဆီးချိုလဲမတက်ဘူး အာဟာရလဲဖြစ်တယ် ပြောတာကတော့ Formula 1 နဲ့ protein powder တိုက်ခိုင်းတယ် အာဟာရလဲရှိ ဆီးချိုလဲမတက်ဘူးလို့ပြောတယ် အဲ့၂ခုကတော့ ၁သိန်းကျော်တယ်
၄။ အသည်းကင်ဆာက prosure အဆင်ပြေလားတည့်ပါသလား တိုက်ချင်လို့ပါခုခံအားကောင်းအောင်
၅။ Prosure က သားအိမ်ခေါင်းကင်ဆာသမားတွေ သောက်လို့ရပါသလားရှင်
၆။ Ensure က ကင်ဆာနဲ့မတည့်ဘူးဆိုပြီးရေးထားတဲ့ပို့စ်ရှယ်ကြတာများ လူသောင်းချီရှိတယ်ဗျာ
၇။ ဆရာ Ensure အာဟာရမှုန့်ကို ရေအေးနဲ့ဖျော်ရမှာလား ရေနွေးနဲ့ဖျော်ရမှာလား သိလိုပါတယ်။ တောထဲစခန်းမှာ ဖျားတဲ့သူတွေကို တိုက်ဖို့ရာအတွက်ပါ။ အချို့က ရေနွေးပူနဲ့ဖျော်ရင် မရဘူးပြောနေကြလို့ပါခင်မျ။ (ပရိုတင်းဖြည့်စွက်စာအမှုန့်ကို အခန်းတွင်းအပူချိန်ရှိရေနဲ့ ဖျော်ပါ။ အပူသောက်လိုသူတွေ အဲလိုရေရိုးရိုးနဲ့ဖျော်ပြီးမှ ရေနွေးရောပါ။ ၂-၃ မိနစ်ကြာမွှေပါ။နောက်အဖြေတခုက ပြောင်းပြန်။ ရေနွေးနဲ့ အရင်ဖော်ပြီးမှ ရေအေးရောပါတဲ့။)
၈။ ဆရာရှင့် Covid လူနာကို Ensure တိုက်ရင် ချွဲပိုကြပ်စေတာ ဟုတ်ပါသလားရှင့် Ensure တိုက်လို့ရပါသလားဆရာရှင့်
၉။ မြန်မာပြည်မှာ လူနာတွေအရမ်း အသုံးများတဲ့ ensure အကြောင်းလေးကို မျှဝေပေးပါအုံးဆရာခင်ဗျာ။ အကောင်းအဆိုး ဆရာတို့လို ပညာရှင်တွေပြောမှ အမှန်ကိုသိရမှာမို့ပါ။ ကျေးဇူးပါဆရာ။
ကိုဗစ် မမွေးခင်ကတည်းက ကင်ဆာအုပ်စုထဲမှာလည်း Ensure အင်းရှူးဝါး ပြောကြတယ်။ ချောင်းဆိုးခြင်းစာတွေ အများကြီးတင်ထားတယ်။ တီဘီ၊ နူမိုးနီးယား၊ လေပြွန်ရောင်ခြင်း၊ နာတာရှည် အသက်ရှူလမ်းပိတ်ခြင်း၊ အဆုတ်ကင်ဆာ၊ တုပ်ကွေး၊ အအေးမိခြင်း၊ ကိုဗစ်၊ ဘယ်ချောင်းဆိုးခြင်းကမှ အစားအစာကြောင့်မဖြစ်ပါ။
အင်းရှူးဝါးက နွားနို့ပါပဲ။ နှစ်မျိုးရှိတယ်။ ကလေးတွေနဲ့ လူကြီးတွေအတွက်။ Ensure milk-based nutrition shakes ဆိုတာက အသက်ကြီးသူတွေအတွက်။ အရသာ အနံ့စတာတွေ နည်းနည်းစီမတူပါ။ ရက်စွဲကောင်းရင် ကောင်းတယ်။ အေးတဲ့နေရာမှာ ထားသိုရတယ်။
နွားနို့မှာ အာဟာရဓါတ်တွေပြည့်စုံသလောက်ပါတယ်။ (240 ml) တခွက်မှာ
Calories: 149 ကယ်လိုရီ
Water: 88% ရေ
Protein: 7.7 grams. ပရိုတင်း
Carbs: 11.7 grams ကာဗွန်ဟိုက်ဒရိတ်
Sugar: 12.3 grams သကြား
Fiber: 0 grams ဖိုက်ဘာ
Fat: 8 grams အဆီ ပါဝင်တယ်။
Prosure ရော Ensure ပါ နွားနို့ကနေထုတ်လုပ်တာဖြစ်တယ်။ နှစ်မျိုးရှိတယ်။ ကလေးတွေနဲ့ လူကြီးတွေအတွက်။ Ensure milk-based nutrition shakes ဆိုတာက အသက်ကြီးသူတွေအတွက်။ အရသာ အနံ့စတာတွေ နည်းနည်းစီမတူပါ။ ရက်စွဲကောင်းရင် ကောင်းတယ်။ အေးတဲ့နေရာမှာ ထားသိုရတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment