Surgical Scar ခွဲစိတ်ဒဏ်ရာ

ရင်သားအကျိတ် ခွဲချင်လို့ပါ တခါမှမခွဲဖူးတော့ ဘယ်မှခွဲရမှန်းမသိလို့ ချုပ်ရိုး​​သေသပ်ပြီး အဆင်ပြေမယ့်ဆရာဝန် ညွှန်ပေးပါအုံး(ဦး)ရှင့်

ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ကင်ဆာနေရာတခုမှာ တွေ့တာ။ ဆရာဝန်၊ ဆေးခန်း ဆေးရုံတွေတော့ မသိပါ။ သိတဲ့သူတွေက ပြောကြစေချင်တယ်။

ကင်ဆာနေရာ နှစ်ခုနဲ့ ကင်ဆာမေးခွန်းတွေမှာ စာရေးတာ မမှန်ဆုံးဖြစ်ကြောင်း ထောက်ပြပါတယ်။ အခုမေးခွန်းက တခါမှ ရေးတာ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

လူနာရဲ့ ကျား-မ၊ အသက်နဲ့ အလုပ်အကိုင်အရ ခွဲစိတ်ရာမှာ ပိုပြီး သတိထားရတာ အမှန်ဖြစ်တယ်။ ဖြစ်တဲ့နေရာက မျက်နှာဆို ပိုသတိထားရတယ်။ အပျိုရွယ်မိန်းလေးတွေ ရင်သားချုပ်ရိုးအမာရွတ်အတွက် ပိုပြီး သတိထားပေးရတယ်။ မော်ဒယ်တွေလည်း အတူတူဘဲ။ 

ပလပ်စတစ်ခွဲစိတ်ပညာလို့ ခေါ်တယ်။ တချို့တိုင်းပြည်တွေမှာ အမာရွတ်ထင်ကျန်နိုင်တဲ့ ကာကွယ်ဆေးကိုတောင် နေရာရွေးထိုးတာမျိုး ရှိတယ်။

အမာရွတ်ကို ပြင်ပေးလို့ရတာမျိုးလည်း ရှိတယ်။ မရတာလည်း ရှိတယ်။ ကီးလွိုက် လို့ ခေါ်တာမျိုးကတော့ မရပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ