U4 နှင့် Calcitriol ဆေးတို့၏ ဘေးထွက်သက်ရောက်မှုများ


မင်္ဂလာပါဆရာရှင့်။ အသက် 60 (၆၀)အမျိုးသမီးပါရှင့်။ နွေရာသီ 3 (၃)လပိုင်းကစပြီး အပူချိန်မြင့်မားထဲက သမီးရဲ့အမေက မျက်နှာပေါ်မှာချွေးတွေကျပြီး နေ့ရော ညရော အိပ်နေလို့ပါ။ အမေကလည်ပင်ကြီးဆေးကိုသောက်နေရတဲ့သူပါဆရာ။ ဆေးခန်းပြတော့ ဆီးချို သွေးချို/သွေးတိုးမရှိပါဆရာ။ အကြောဆေးတွေလဲ slim နဲ့ရော ပုလင်းကြီးနဲ့ပါ ချိတ်ရပါတယ်ဆရာ။

အရင်က နေမကောင်းဖြစ်လို့ သွေးပေါင်ကျတယ်ဆို 25cc နဲ့အကြောဆေးလွှတ်ပေးရင်ကောင်းပါတယ်။ ခုက အကြောဆေးတွေလဲ သွင်းရတဲ့ရက်က စိပ်လာတဲ့အပြင် နေရော ညရောအိပ်လဲပဲ အိပ်ပြီးရင်းအိပ်ချင်နေဖြစ်နေပါတယ်ဆရာ။ သမီးအမေအတွက် စိတ်ပူလို့ပါဆရာ။ ချွေးထွက်ပြီး အိပ်ပဲအိပ်နေတာက ရောဂါတခုခုရဲ့ လက္ခဏာများလား ဘာဖြစ်တာလဲသိချင်လို့ပါဆရာရှင့်။ဖြေကြားမှုအတွက်ကျေးဇူးတင်ပါတယ်ဆရာရှင့်။

သောက်နေတဲ့ ဆေးအမည်တွေ သိလို။

Meditrol နဲ့ U4 ပါဆရာ။

Flupentixol + Melitracen: U4 ဆေး ဘေးထွက်သက်ရောက်မှု မများ မဆိုးပါး တခါတလေ ဂဏာမငြိမ်သလိုဖြစ်။ အိပ်မပျော်။

Calcitriol ခေါ် vitamin D ဗီတာမင်ဒီဆေးကို hypocalcemia ခေါ် ကယ်လ်စီယမ်နည်းသူတွေကို ပေးတယ်။

postsurgical hypoparathyroidism ခေါ် ခွဲစိတ်ပြီးနောက်ဖြစ်လာတဲ့ ပါရာသိုင်းရွိုက်ဟော်မုန်းနည်းသူတွေကို ပေးတယ်။ idiopathic hypoparathyroidism နဲ့ pseudohypoparathyroidism ရောဂါတွေကို ပေးတယ်။

ဘေးထွက်သက်ရောက်မှုများ

dehydration symptoms ရေ + ဆားဓါတ်နည်းခြင်း (ရေငတ်၊ ဆီးနည်း၊ ခွေးျများ၊ အရေပြားပူ ခြောက်သွေ့)၊ ကယ်လ်စီယမ် များသွားခြင်း (ပျို့အန်၊ ဝမ်းချုပ်၊ ရေဆာ၊ ဆီးများ၊ ကြွက်သားအားနည်း၊ အရိုးနာ၊ စိတ်မကြည်လင်၊ ဝမ်းချုပ်၊ အားမရှိ။ 

low calcium level ကယ်လ်စီယမ်နည်းခြင်း (ကြွက်သားလှုပ်၊ ထုံ၊ မောပန်း)။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ