Acromegaly ဇီးကွက်စိန်

ဒီမြို့က ဘုန်းကြီးကျောင်းကို အမေရိကန်အဖြူတယောက် လာလည်တော့ ဆရာတော်က ပို့စ်တင်ထားတယ်။ 

“တောင်တလုံးထက်မြင့်သော တောင်တလုံး အမြဲရှိ၏” (ရှေးဟောင်းတရုတ်စကားပုံ)

ပုံထဲက အမေရိကန်ကတော့ ရောဂါမဟုတ်။ ဇီးကွက်စိန်ကတော့ ရောဂါ။

ဇီးကွက်စိန်သည် တချိန်က ပုဂံမြို့ရှိ ထူးထူးခြားခြား အရပ်အရှည်ဆုံး ပုဂံမြို့သူ ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် ကွယ်လွန်သွားလေသည်။ ကွယ်လွန်ချိန်တွင် အသက် (၂၃)နှစ် ရှိပြီဖြစ်သည်။ သေဆုံးပြီးနောက် သူ၏ ရုပ်အလောင်းကို မန္တလေးဆေးတက္ကသိုလ်သို့ လှူဒါန်းခဲ့သည်။ နေထိုင်မကောင်းသော အချိန်၌ နေခဲ့သည့် အိမ်ခြံဝင်းနေရာတွင် အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူထားသည်။ ၁၃၁၈-ခု မွေး၊ ၁၃၄၁-ခု ဆုံး၊ အရပ် ၈ ပေ ဟု ကမ္ပည်းထိုးထားသည်ကို ယနေ့တိုင် တွေ့မြင်နိုင်သည်။ 

Acromegaly ခေါ် ဦးနှောက်အတွင်းက နေရာလေးတခုက ဟော်မုန်းတွေ ပုံမှန်ထက် ပိုပြီးများများထုတ်ပေးနေတဲ့ရောဂါဖြစ်ပါတယ်။

Acromegaly is a disorder that occurs when your body makes too much growth hormone (GH). Produced mainly in the pituitary gland, GH controls the physical growth of the body. In adults, too much of this hormone causes bones, cartilage, body organs, and other tissues to increase in size.

ဇီးကွက်စိန်သတင်းထွက်တော့ ကျွန်တော်က ၁၉၇၂ ခုနှစ်၊ ဆေးကျောင်းပြီးပြီ။

ဆရာရှင့်။ ဆရာ့စာတွေကိုဖတ်သူ များတဲ့ အတွက် ပိုပြီးပြည့်ရုံစေချင်လျု့ အကြံပြုပါရစေနော်။ ဆရာ လုပ်တာ၊ လူတတ်လုပ်တာ မဟုတ်ရပါ။

ဇီးကွက်စိန် post မှာ ဆရာ ရေးထားတာ Acromegaly ဆိုလို့ နဲနဲလေး ပြင်သင့်သလားလို့ပါ။

If GH excess occurs before puberty and grpwth plates closed, it causes Gigantism and excess height.

Acromegaly is a condition when GH excess occurs after growth plate closures.

Acromegaly ဖြစ်သူတွေဟာ အရပ် သိသိသာသာ ရှည် မထွက်တော့ပဲ လင်ဖဝါး၊ ခေဖဝါး တွေ ကြီး၊ အောင်မေးရိုးငေါထွက်၊ မျက်ခုံးရိုး ရှေ့ထွက်၊ သွားကြဲတာတွေ ဖြစ်ကြပါတယ်။

ကျနော် Adult Endocrinologist မို့ သိသလောက်လေး ဝေမျှတာပါ ဆရာ။

စာဖတ်သူတွေအမှတ်မမှားစေချင်လို့ပါကျေးဇူးပါ။

Thanks!

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ