တခုခုနဲ့ မတည့်ခြင်း မေးခွန်းတခု

မေးချင်တာလေးတခုရှိပါတယ်ဆရာ ငယ်ငယ်ကတည်းကစားလာတဲ့ ငှက်ပျောသီးက အခုစားလို့မရတော့ဘူး အသက်ရှုမရဘူးဆရာ ရင်ဝမှာပိတ်မိနေသလိုခံစားရတယ် ပိုဆိုးတာက တကိုယ်လုံး အဖုတွေထွက်ပီး(ပြီး) ယားလာပါတယ် အချိုရည်မသောက်ထားလည်း ငှက်ပျောသီးစားမိရင် ရင်ကြပ်လာပါတယ် နှစ်/သုံးနာရီလောက်ခံရပါတယ် အဲဒါဘာကြောင့်လဲ သိချင်ပါတယ်ရှင့်။

ဆောရီး။

အလာဂျီ ခေါ် မတည့်ခြင်းဖြစ်စဉ်က အဲလိုလည်း ဖြစ်နိုင်တယ်။ တယောက်က တည့်တာကို ကျန်တယောက်က မတည့်ဖြစ်နိုင်တယ်။

တယောက်တည်းမှာလည်း အရင်က မတည့်မရှိရာကနေ နောက်အခါ မတည့်ဖြစ်နိုင်တယ်။

ပန်းနာလည်း အဲလိုဘဲ။

အလာဂျီဖြစ်စဉ်နဲ့ ပန်းနာဖြစ်စဉ်တွေက တကယ်ဟုတ်မှသာ အထက်က တင်ပြချက်က မှန်တယ်

တချို့က ပါးစပ်ကနေ မတည့်ဘူး မတည့်ဘူးသာပြောကြတယ်။ တကယ်မတည့်တာ မဟုတ်။

အလာဂျင် ခေါ် မတည့်တာကို စစ်လို့ရတယ်။ မြန်မာပြည်မှာတော့ မသိပါ။ ယူအက်စ်အေမှာ အဲလိုစစ်လိုက်တော့ မတည့်တဲ့စာရင်းရှည်ကြီး ထွက်လာတတ်တယ်။ တကယ် မတည့်တာ။

မြန်မာပြည်မှာက တယောက်ပြောတာ လိုက်ပြောသူတွေက များတယ်။ ဒီဟာစားရင် တက်တယ်ဆိုတာကို အသံကြားတာနဲ့ကို တက်နေသူတွေ မနည်းပါ။

စောစောက ကင်ဆာမေးခွန်းတခုမှာ ငါးတမျိုးကြောင့် ကင်ဆာဆိုးတယ်ထင်တာ မှားကြောင်း ဖြေခဲ့ရသေးတယ်။

အလာဂျီရတာ (အင်ပြင်ထွက်တာ) ကတော့ သူပြောကိုယ်ပြောနဲ့ မဖြစ်ပါ။ တကယ်ဖြစ်တာ။

ငှက်ပျောသီး

နိုင်ငံတကာ တင်းနစ်ကစားပွဲတွေကိုကြည့်ရင် သိမယ်။ ခဏတာနားချိန်မှာ ငှက်ပျောသီးတကိုက် ကိုက်စားလေ့ရှိကြတယ်။ ကျွန်တော် ပြည်တွင်းကနေ ထွက်မပြေးရခင်က တင်းနစ် ကစားတယ်။ ငှက်ပျောသီးစားရင် သကြားဓါတ်ကျပြီး ဆက်မကစားနိုင်ပါ။ ၄-၅ ခါ လက်တွေ့ဖြစ်ပါတယ်။

တင်းနစ်ကစားသမားတွေ ငှက်ပျောသီးစာရခြင်းအကြောင်းက ပိုတက်စီယမ်ဓါတ်အတွက် ဖြစ်ပါတယ်။

မေးခွန်းရေးသူ စာရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ