ကြောင်ကိုက်ခံရလျှင် ကာကွယ်ဆေးလိုသလား

ခြေထောက်ပုံအတွက် ကန်တော့။

မဂ်လာမနက်ခင်းပါဆရာ မေးစရာ နည်းနည်း ရှိတယ်ဆရာ  တူလေးက ကြောင်ကိုက်ခံရတယ်ဆရာ အဲ့ဒါ ကာကွယ်ဆေးထိုးဖို့လိုပါသလား ဆရာ

ဖြေရတော့ ခက်တယ်။ ခွေးနဲ့ကြောင် အကိုက်ခံရတိုင်းတော့ ခွေးရူးကာကွယ်ဆေးထိုးရန် မလိုပါ။ ဒါပေမဲ့ ကိုက်တဲ့အကောင်ရဲ့ ကျန်းမာရေးဆေးထိုးရာဇဝင် သိသင့်တယ်။

အိန္ဒိယမှာ အကောင်တွေကို ဘေးမဲ့ပေးထားလို့ နေရာတကာမှာ ပေါတယ်။ မျောက်ကိုက်လို့ ခွေးရူးကာကွယ်ဆေး ထိုးရတတ်တယ်။

ရောဂါရှိနေတဲ့အကောင်တွေ ရောဂါကြောင့် မကြာခင် သေဆုံးကြတယ်။ ဥပမာ ခွေးရူးဆို တပတ်သာခံတယ်။

အကောင်တွေကိုက်ခံရရင် အနာဆေးထည့်ဘို့လိုနိုင်တယ်။ ပိုးသေးဆေးလိုနိုင်တယ်။ မေးခိုင်ကာကွယ်ဆေး လိုနိုင်တယ်။ အကောင်ကိုက်ဒဏ်ရာကို ချက်ချင်း မချုပ်သင့်ပါ။

Animal bite wound care အနာသစ်လုပ်၍ချုပ်ရခြင်း https://dr-tint-swe.blogspot.com/2020/12/animal-bite-wound-care.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ