ကင်ဆာ

ဘယ်ကင်ဆာဖြစ်ဖြစ် အစားအစာတွေကို အရေးစိုက်ပြောမနေကြပါနဲ့။

လူနာ တသက်လုံးစားသောက်လာတာ အကုန် စားနိုင်တယ်။ 

အစာမျိုပြွန်၊ အစာအိမ်နဲ့ အူလမ်းအတွက် စားသောက်စရာ သီးသန့်ရှိမယ်။

သွေးတိုး၊ ဆီးချို၊ ကိုလက်စထောပါတွဲရှိနေလို့ ကုသပေးနေတဲ့ အထူးကုဆရာဝန်က ရှောင်ခိုင်းတာကလွဲရင် အကုန် (၁၀၀%) စားနိုင်တယ်။

ကူညီလိုသူတွေက ဆေးဈေးက ဘယ်လောက်၊ ဆေးဆိုင်က ဘယ်မှာ၊ ဆေးလှူချင်ပါတယ် စတာမျိုးနဲ့သာ ကူညီသင့်ကြတယ်။

လူနာတွေကလည်း သူလိုကိုယ်လိုလူတွေက ပြောဆိုအကြံပေးနေတာမှန်သမျှကို အလေးမထားသင့်ကြပါ။

မဟုတ်တာ မမှန်တာနောက်လိုက်တတ်သူမျိုးဟာ ဟုတ်တာ မှန်တာကို မသိဘဲဖြစ်လေ့ရှိတယ်။

စေတနာဆိုတာ ပညာပါရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ