Bone fracture အရိုးကျိုးခြင်း (၂)

ဆရာရှင့် ကျွန်မအကိုအသက်က ၃၃ နှစ်ပါ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က ဆိုင်ကယ်တိုက်တာကြောင့် ဒူးဆံထွက်ပီး(ပြီး) ခွဲစိတ်မှုပြုလုပ်ထားပါတယ် အဲ့ခွဲစိတ်ထားတဲ့ ခြေထောက်က ကွေးလို့မရပါဘူး ဆန့်ဆန့်ပဲနေရတာပါ 

အခု ခြေဖမိုးမှာ စမ်းကြည့်တော့ အရိုးက ဖုနေလို့ပါ ဒီနေ့မှ ဘာရယ်မဟုတ်စမ်းကြည့်လိုက်တာပါ မနာပါဘူး အရိုးကဖုနေသလိုမာမာကြီးဖြစ်နေတာပါ အဲ့တာ ဘာကြောင့်လဲ ဆရာ

ဆောရီး။ ထိခိုက်ဒဏ်ရာတွေ၊ အနာတွေနဲ့ ခွဲစိတ်ဒဏ်တွေဟာ အဲလိုဘဲ။ မိမွေတိုး် ပြန်မဖြစ်တော့ပါ။ အသက်ငယ်တာ၊ ဒဏ်ရာ မကြီးတာ၊ အပေါ်ယံဒဏ်ရာမျိုးကတော့ ကြောလေ နဂိုအတိုင်း ပြန်ဖြစ်လေ။

အရိုးကျိုးရင်လည်း အဲလိုဘဲ။ သူ့အလုပ်သူလုပ်နိုင်ရင် ကောင်းပါတယ်။ ကုသမှုမှာ အဆင့်ဆင့်လုပ်ရတယ်။ ငြိမ်နေရချိန်နဲ့ လေ့ကျင့်ခန်းလုပ်ချိန်။

အနာဒဏ်ရာရရင် အစားအသောက်ကို ပြောနောကတာ မမှန်ပါ။ အနာဆိုတာ သူ့အလိုလိုကျက်တယ်။ အရိုးလည်း သူ့အလိုလို ဆက်တယ်။ ပုံမပျက်အောင်သာ ပြုပြင်ပေးပြီး ကျက်တဲ့အထိ အနားပေးထားရတယ်။

တချို့ အကြည့်ရဆိုးတာကိုပြင်ချင်ရင် အနာ ဒဏ်ရာ ကျိုးပဲ့တာ ကောင်းပြီးနောက်မှာ ပြန်ပြင်လို့ရတာမျိုး ရှိတယ်။ အနာအကုန်ကိုတော့ ပြင်မရပါ။ ပြင်လို့ ပိုဆိုးတာလည်း တခါတခါရှိတတ်ပြန်သေးတယ်။

1. Abscess ကိန္နရာနာ နှင့် ခူနာ https://dr-tint-swe.blogspot.com/2020/12/abscess_9.html

2. Injection Abscess ဆေးထိုးနာ https://dr-tint-swe.blogspot.com/2021/08/injection-abscess.html

3. Wound healing အနာဒဏ်ရာတွေ ဘယ်လိုကျက်သလဲ https://dr-tint-swe.blogspot.com/2021/05/wound-healing.html

4. Abscess ပြည်ရှိတဲ့အနာ https://dr-tint-swe.blogspot.com/2020/12/abscess.html

5. Pus ပြည်ပေါက် ပျောက်ပြီ https://dr-tint-swe.blogspot.com/2021/05/pus.html

6. Bone fracture အရိုးကျိုးခြင်း https://dr-tint-swe.blogspot.com/2021/05/bone-fracture.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ