PEP HIV အရေးပေါ်ကာကွယ်မှု

Tenofovir (300 mg) + Emtricitabine (200 mg) + Efavirenz (600 mg)

HIV ကူးစက်ခံရမှု သံသယရှိသူတွေ ၇၂ နာရီအတွင်း PrEP or PEP ကာကွယ်ဆေးသောက်ရတယ်။ ၂၈ ရက်ကြာသောက်ပါ။

Truvada (tenofovir and emtricitabine) ဆေးအတွဲ ၁ လုံးတည်းကို တနေ့ ၁ လုံးသောက်ဘို့ဖြစ်တယ်။ အဲတာက HIV ပိုးရှိနေသူဆိုရင် တခြားဆေးနဲ့ပါတွဲပေးတဲ့ဆေးဖြစ်ပါတယ်။ 

Post-exposure prophylaxis (PEP) drugs ခေါ်ဆေးကို ၇၂ နာရီအတွင်းသောက်သင့်တယ်။ (PrEP) လို့လည်း ခေါ်တယ်။ လိင်မှုကနေကူးစက်မှာကို ၉၉% နဲ့ ဆေးထိုးအပ်ကနေကူးမှာကို ၇၄% ကာကွယ်မယ်။ ဆေးကိုစဉ်ဆက်မပြတ် မသောက်ရင်တော့ အဲလောက် ကာကွယ်မှုမရနိုင်ပါ။ ကွန်ဒွမ်ပါသုံးရင် ပိုစိတ်ချရပါမယ်။ သံသယဖြစ်စရာနဲ့ကြုံပြီး ဆေးလည်းသောက်နေတုံး ၃ လနေရင် ဆေးစစ်ရပါမယ်။ 

PrEP or PEP ကာကွယ်ဆေးသောက်လို့ Antiretrovirals တွေသွေးထဲရှိနေမယ်။ သူတို့မှာ Antibodies ခေါ် ခုခံနိုင်စွမ်း အင်တီဘော်ဒီ ထုတ်လုပ်ပေးနိုင်ခြင်း အားနည်းနေမယ်။ Rapid tests နဲ့ self-tests တွေနဲ့စစ်ဆေးရင် အတခြားသူတွေလို အမှန်မရနိုင်။ စမ်းသပ်နည်းတွေက Antibodies ခေါ် ခုခံနိုင်စွမ်း အင်တီဘော်ဒီကိုစမ်းတာဖြစ်တယ်။ 

စမ်းလို့ Reactive ခေါ် (+) မပြတိုင်း ကူးစက်မှုမရှိပါလို့ ၁၀၀% ပြောမရနိုင်ပါ။ သို့မဟုတ် HIV cured ပျောက်ပြီလို့ ပြောမရနိုင်ပါ။ သို့မဟုတ် false negative results လို့ခေါ်တယ်။ မှားပြီး မရှိကြောင်းအဖြေထွက်တာဖြစ်တယ်။ အဲလိုဖြစ်သူတွေ လေ့လာမှုအရ ထိုင်းနဲ့ပြင်သစ်မှာတွေ့ရတယ်။ 

Tests based on second-generation technology ခံတွင်း (သွားဖုံး) အရည်ကို စမ်းသပ်နည်းမှာ အဲလိုအများဆုံး ဖြစ်တယ်။ စစ်နည်းက အင်တီဘော်ဒီများမှမှန်တယ်။ 

PrEP ဆေးကုသမှုကို ၁-၂ ပတ်နားထားပြီး စစ်ရင် (+) ပြကောင်းပြနိုင်တယ်။

မသေချာသူတွေက Expert guidance ဒီရောဂါအထူးကုဆရာဝန်နဲ့ ပြသစစ်ဆေးရန်လိုပါတယ်။

ယူအက်စ်အေမှာ PEP ကို nPEP လို့ ခေါ်တယ်။ HIV ပိုးနဲ့ ထိတွေ့မှုဖြစ်ပြီး ၇၂ နာရီအတွင်းဆေးသောက်နည်းဖြစ်တယ်။ ၂၈ ရက်ကြာသောက်ရတယ်။

ထပ်ပြောပါရစေ။ PEP ဆေးပေးတာက အရေးပေါ် HIV ကာကွယ်ဆေးဖြစ်တယ်။ ဆေးစစ်လို့ မပေါ်အောင်လုပ်ဆေး မဟုတ်ပါ။

ART and PEP ဆေးနည်းတွေ မတူကြပါ။ PEP ဆေးက အရေးပေါ် HIV ကာကွယ်ဆေးဖြစ်တယ်။ ကုသဆေးပေးနည်းကို ARV နဲ့ ART လို့ခေါ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ