Kikuchi-Fujimoto disease (KFD) ရောဂါဆိုတာ

မင်္ဂလာပါ ဆရာ ကျွန်မ အသက် ၃၁ အိမ်ထောင်ရှိပါတယ် ကလေးမရှိပါ  ရောဂါ အခံအနေနဲ့ အသည်းရောင်အသားဝါ ဘီပိုး ရှိပါတယ် ကုထားပါတယ် အခွံပဲကျန်တယ်ပြောပါတယ် အခုဖြစ်တာက အစကလည်ပင်းမှာ မြေပဲစေ့လောက်အကျိတ်လေးပေါ်လာတာပါ နှစ်ပတ်အကြာမှာ ညာဘက်မေးရိုးအောက်မှာ အလုံးပေါ်လာပါတယ် ၅ရက်လောက်နေတော့ ပိုပိုကြီးလာရော ပဌမ အကျိတ်ရဲ့ အပေါ်မှာရော အောက်မှာရော အကျိတ် ထပ်ပေါ်လာပါတယ် အထွေထွေအထူးကုနဲ့ ပြပါတယ် ပိုးသတ်ဆေး moxiclav 626mg သုံးကြိမ် ၇ရက်သောက်ခိုင်းပါတယ် infection ကြောင့်လဲဖြစ်နိုင်သလို TB or Cancer ဖြစ်နိုင်တယ်လို့ပြောပါတယ် ဆေးသောက်တာ ၂ရက်မြောက်မှာ ဖျားပါတယ် လည်ပင်းအကျိတ်နား နာပါတယ် ၆ရက်မြောက်မှာ အရမ်းစိုးရိမ်နေတာနဲ့ ENT နဲ့ ပြပါတယ် အလုံးတလုံးကိုခွဲပြီး စစ်ရမယ်ပြောလို့ ခွဲပြီး စစ်လိုက်ပါတယ် အခု အဖြေက TB or cancer မဟုတ်ပါ Kikuchi Fujimoto disease လို့ထွက်တာပါ ENT ကတောင်မသိလို့ google မှာရှာရပါတယ် ဘာမှမဖြစ်ဘူး ၁လ ကနေ ၆လ ထိဒီတိုင်းဖြစ်နေမယ်  cefuroxime 500mg ၂ကြိမ် ၅ရက် ရယ် ဖျားတာနာတာရှိ paracetamol သောက်လို့ပြောပါတယ် Immune Active ဆိုတဲ့အားဆေးလေးပဲ ပေးလိုက်ပါတယ် ခံစားရတာတော့ ညနေဆို မျက်လုံးပူ ချွေးကျ ဖျားချင်သလိုဖြစ်တယ် လည်ပင်းနား ကိုက်ပါတယ် ဆရာ ၃နာရီလောက်ဆို သူ့အလိုလိုသက်သာပါတယ် ဆရာ အလုံးကတော့ ရှိမြဲတိုင်း ရှိနေပါတယ်ဆရာ အခုက ဘယ်သူနဲ့ပြပြီး ဘာဆေးသောက်ရမယ်မှန်းမသိတော့လို့ပါ ရောဂါအကြောင်းရော သေချာသိချင်ပါတယ်ဆရာ

Kikuchi-Fujimoto disease (KFD) ဆိုတာ ဓါတ်ခွဲခန်းမှန်ဘီလူးနဲ့စစ်ဆေးလို့သိတာကို အမည်ပေးထားတာဖြစ်တယ်။ ကင်ဆာ မဟုတ်ပါ။ အလိုလိုပျောက်နိုင်တယ်။ အသက်မကြီးသေးတဲ့ အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတယ်။ တချို့မှာသာ systemic lupus erythematosus (SLE) ခေါ် ခုခံအားကမောက်မကရောဂါနဲ့ တွဲနေတာ တွေ့ရတယ်။

ပို့ပေးတဲ့ ဆေးစစ်ချက်စာကို ဖတ်မရပါ။ ဖေ့စ်ဘွတ် ပေ့ချ်ကနေ ဘယ်သူကပို့ပို့ အဲလိုဘဲ။ ရိုးရိုးဖေ့စ်ဘွတ် မက်စင်ဂျာကပို့တာတွေက အဆင်ပြေတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ