Penis problem အရပ်နည်း ထပ်ပြီးမလုပ်ကြပါနဲ့

ယောက်ျားတွေ ဆေးထိုးတဲ့ အန္တရာယ်များနေပြီ။ မူးယစ်ဆေးဝါးသာမဟုတ်ပါ။ ကျားအင်္ဂါကို ဆေးထိုးပြီးနောက် ဒုက္ခရောက်ကြလို့ မေးလာသူတွေ မနည်းပါ။ မေးတာ-ဖြေတာတွေကို အများဖတ်အောင် (ဖေ့စ်ဘွတ်) မပြောနဲ့ ကိုယ်ပိုင် (ဘလော့ခ်) မှာတောင် မတင်သင့်လို့ မတင်ပါ။ အခုတော့ မပြောရင် ပိုဆိုးလာမယ်၊ အရိတ်အမြွက်တော့ ပြောမလားလို့ သဘောရလာပါတယ်။

Quack (ကွက်) ဆိုတာ မြန်မာလိုဘာသာပြန်ရင် (၁) ဆေးဆရာအတု (ရမ်းကု) နဲ့ (၂) ဘဲမည်သံ ဖြစ်တယ်။ အခု “ဘဲ” လို့ ဘမ်းစကားနဲ့ခေါ်တဲ့ ယောက်ျားလေးတွေ (ကွက်) တွေကို အားကိုးမိလို့ ဒုက္ခအကြီးအကျယ်ရောက်ကြတဲ့အကြောင်း ရေးပါရစေ။

မေးလာသူသူတွေရဲ့ ယူကြုံးမရလူလုံးမလှဖြစ်ကြတဲ့ဇာတ်လမ်းတွေ အားလုံးကို ပြန်ရှာလို့ ခက်လွန်းသွားပါပြီ။ တချို့ဆိုရင် လူစဉ်မမှီဖြစ်သွားလို့ ဝမ်းနည်းပက်လက်ဖြစ်ကြရတယ်။ သူများနိုင်ငံတွေမှာ ယောက်ျားအင်္ဂါကိုဆေးထိုးလို့ ဘာတွေ ဖြစ်သလဲဆိုတဲ့သုတေသန ခုထိတော့ မတွေ့သေးပါ။ အရပ်နည်းတွေနဲ့ ဒုက္ခရောက်တာတွေကို နမူနာ ဖတ်ကြည့်စေချင်ပါတယ်။ အရပ်နည်းတွေဆိုတာ မြန်မာပြည်မှာသာမကပါ၊ မြန်မာတွေသွားနေကြတဲ့ နိုင်ငံတွေက နည်းတွေလဲပါတယ်။

1. ကျနော်သည် အသက် ၂၉ နှစ်ရှိ အိမ်ထောင်သည်တစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့သောတစ်နှစ်လောက်က ကျား အင်္ဂါ ကြီးဆေးဆိုပြီး ထိုးလိုက်မိတယ်ဆရာ။ အဲဒါ အခု ဆေးတွေက ထိပ်မှာစုခဲနေပြီး့ ဖြစ်နေတယ်ဆရာ။ ကန်တော့နော်ဆရာ။ အဲဒါက ဘယ်အချိန်လောက်ဆို ပျောက်နိုင်လဲသ်ိချင်လို့ပါဆရာ။ စားဆေးရှိရင်လဲ ဘာဆေးစား၇မလဲ လိမ်းဆေးဆိုရင်လဲ ဘာဆေးလိမ်းရမလဲ သိချင်လို့ပါဆရာကျနော် ဆေးခန်းလဲ မပြရဲဘူးဆရာ အဲဒါ ပျောက်အောင် ဆေးနည်းလေး ပေးပါအုံးဆရာ ကျနော်က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာနေပါတယ်ဆရာ

2. ကျွန်တော်အသက် ၂၁ နှစ်ရှိပါပြီ။ ကျွန်တော် ၁၉ နှစ်လောက်က အသိပညာ ဆေးပညာ မကြွယ်ဝမှုကြောင့့် ကို ဆေးထိုးမိပါတယ်။ အခုထိတော့ ဘာမှမဖြစ်သေးပါဘူး။ ရှေ့လျောက် ဘာတွေများ ဖြစ်လာနိုင်မလဲ။ လုပ်ခဲ့တာကတော့ လုပ်ပြီးပြီဆိုတော့ side effect တွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။ နောက်ပြီး ကျွန်တော် အရှည်က ၄ လက်မမျှလောက်သာရှိပါတယ်။ ကျွန်တော် နဲနဲထပ်ရှည်ချင်ပါသေးတယ်။ အဲဒါ ဘယ်လိုနည်းနဲ့ ဘယ်လိုလုပ်ရင် အချိန်ဘယ်လောက်လောက်မှ ဘယ်လောက်လောက်လောက် ရှည်မလဲ ဆိုတာသိပါရစေ။ ဘယ်နည်းလမ်းက ဘယ်လိုလုပ်ရင် တကယ်ဘဲ ရှည်စေမလဲဆိုတာကို သိပါရစေဆရာ။

3. လိင်အဂါင်္ကို ဆေးတစ်မျိုးထိုးထားတာ silicon လား ဘာလဲတော့မသိပါဘူးခင်ဗျား။ ၈ နှစ်လောက်ရှိပါပြီ။ အခုအဆင်မပြေတော့ဘူး။ တစ်လတစ်ခါဆေးတွေ နေရာရွေ့ပြီး ဆီခုံက တက်ပြီးရောင်လာတတ်ပါတယ်။ လိင်ဆက်ဆံ ဖို့လဲ အဆင်မပြေပါဘူး။ နှစ်ပတ်လောက်ကြာမှ အရောင်လျော့လာတတ်ပါတယ်။ အဲဒါ ကျွန်တော် ဘယ်ဆေးခန်းမှ ပြပြီး ဘယ်လိုခွဲစိတ်ကုသမှုခံယူရမလဲ ကျေးဇူပြုပြီး ညွန်ပြပေးပါခင်များ။ လက်ရှိတော့ မြန်မာပြည်မှာနေပါတယ်။ ရန်ကုန်တိုင်းမှာပါ။

4. ကျွန်တော် လွန်ခဲ့တဲ့ ၆ နှစ်က့ ဆေးထိုးထားပါတယ်။ ဒါပေမယ့့်

5. ကျွန်တော် ဆေးထိုးတာက တကြိမ်ထဲပါ။ ့ အရေပြားဖြတ်ပြီး ဆေးတွေ ခြစ်ထုတ်လိုက်ရင် အရင်အတိုင်း ပြန်ဖြစ်တယ်လို့ ပြောကြပါတယ်။

6. ကျွန်တော့့် ကို ဆေးထိုးထားတဲ့အကြောင်းမေးခဲ့ဘူးပါတယ်။ အခုအဲ့ဒါကို ပြန်ပြီးခွဲပစ်ဖို့ ဆုံးဖြတ်လိုက်လို့ပါ။ ဘာကြောင့်လဲဆိုတော့့

7. ့ ကြီးအောင့် ဆီလီကွန်တို့ ပန်းပေါင်းဆီတို့အစား နောက်ပိုင်း ပင်နယ်စလင်ထိုးဆေးအဆီကို ထိုးထည့်ကြတာ သိပ်များလာပါတယ်။

8. နားနဲ့မနာ ဖုဝါးနဲ့နာပေးပါ။ ကျွန်တော့်ရဲ့့ ကို ၁-၁-၂ဝ၁၄ နေ့က ထိုင်းအုန်းဆီ ထိုးခဲ့မိပါတယ်။ ဖြစ်ချင်တော့ဗျာ့

9. အမေရိကန်ပြည်ထောင်စုမှာ မနှစ်မေလထဲမှာ့ ဆီလီကွန်ထိုးခဲ့တဲ့ အသက် (၂၂) နှစ်အရွယ် အမျိုးသားဟာ ဆေးထိုးပြီး နောက်နေ့မှာ သေဆုံးသွားခဲ့တယ်။

ဆီးလမ်းအထူးကုဆရာဝန်ကို ပြရပါမယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ