Radiation burn ဓါတ်ကင်သည့်နေရာ အရေပြားလောင်ခြင်း

ရင်သားကင်ဆာဓာတ်ကင်ရင် လိမ်းဆေးလူးရလား ဘာဆေးလူးရတာလဲ ဖြေပေးပါနော်ကျေးဇူးပါ

တခြားသူတွေလိုပါဘဲ ကင်ဆာဆို ဆရာဝန်ကို မေးလေ့ မရှိပါ။

Radiation burns လို့လည်းခေါ်တယ်။ X-ray dermatitis နဲ့ radiation dermatitis လို့လည်းခေါ်တယ်။ အပြင်ဓါတ်ကင်ခြင်းလုပ်ပြီး ၂ ပတ်လောက်ထိဖြစ်တယ်။ အဖြစ်များတယ်။ မဆိုးပါ။ ၂ လလောက်နေရင် ပျောက်သွားမယ်။ ကင်ဆာလူနာ ၆၀% လောက်ကို ဓါတ်ကင်ပေးရတယ်။ External beam radiation ခေါ် အပြင်မှာကင်ရတာနဲ့ Internal radiationအထဲမှာလုပ်ရတာလို့ ၂ မျိုးရှိတယ်။ Liquid radiation အရည်အမျိုးအစားလည်းရှိတယ်။ စားဆေး၊ သောက်ဆေးနဲ့ သွင်းဆေးတွေ။ တယောက်နဲ့တယောက် ဖြစ်တာတွေ မတူပါ။ ကြာချိန်လည်း မတူပါ။ စောစောဖြစ်တာတွေနဲ့ နောက်မှဖြစ်တာတွေလို့ရှိတယ်။ 

လောင်တဲ့နေရာမှာ

• Redness နီ

• Dryness ခြောက်သွေ့

• Itching ယား

• Peeling အရေပြာကွာကျ

• Blisters မီးလောင်ဖူးပေါက်

• Swelling ရောင်

• Tissue damage တစ်ရှူးပျက်စီးတာတွေ ဖြစ်နိုင်တယ်။

• တခြားဖြစ်တာမျိုးတွေလည်း ရှိနိုင်တယ်။ ဖေါင်းတာ ၊ စိုတာ၊ ပွစိစိနေတာ၊ အရောင်ပြောင်းတာ စသည်။

Preventing radiation burns ဘယ်လိုကာကွယ်မလဲ

ဓါတ်ရောင်ခြည်ဌာနက အကြံပေးပါမယ်။ လိမ်းစရာ (ခရင်မ်) ညွှန်နိုင်တယ်။ ဖြစ်တဲ့နေရာကို မပွတ်၊ မကုပ်ပါနဲ့။ ရေဆေးတာ ရေချိုးတာမှာလည်း သတိထားပါ။ ရိုးရိုး အပျော့စားဆပ်ပြာသာ သင့်တယ်။ ရေလည်း သိပ်အေး သိပ်ပူတာ မသင့်။ နေ့တိုင်းရေချိုချင် ချိုးလို့ရတယ်။ အချိန် မကြာစေသင့်။ ရေစိုပြီးရင် အသာအယာ ခြောက်သွေ့စေပါ။ မှတ်သားထာတာရှိရင် မပျက်ပါစေနဲ့။ ဖြစ်တဲ့နေရာကို အေးလွန်းတာ ပုလွန်းတာ မထိပါစေနဲ့။ နေရာင်လည်း မထိတာကောင်းတယ်။ အပြင်ထွက်ရင် ဦးထုပ်၊ ထီးလိုတယ်။ လက်ရှည်ဝတ်ပါ။ ဆရာဝန်ကညွှန်တဲ့ sunscreen သုံးပါ။ တခြားအရေပြားသုံး အလှအပလိမ်းစရာတွေရှောင်ပါ။

ရှောင်ရန် အရေပြားသုံးများ

• Antiperspirant/deodorant အနံ့ပျောက်ဆေး

• Talcum powder ပေါင်ဒါ

• Perfume ရေမွှေး

• Hair-removal products ဆံပင်နုတ်စရာ

• Bubble bath products ရေချိုးကန်သုံး၊

• Makeup မိတ်ကပ်၊

ဂျဲလ်၊ အမွေးရိတ်ခရင်မ်တွေကို ဆရာဝန်မေးပြီးမှသာ သုံးပါ။ အဝတ်အစား ချောင်တာသာဝတ်ပါ။ Moisture ရေငွေ့ပါတာကောင်းတယ်။ အေးတာ ကောင်းတယ်။ humidifier သုံးနိုင်တယ်။ အစာစွန့်လမ်းနေရာဆိုရင် baby wipes သုံးနိုင်တယ်။ ရေပန်းစရာ သုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ