Radiation Therapy ဓါတ်ကင်ခြင်း (၂)

သားအိမ်ကင်ဆာ အဆင့် ၂ က ဓာတ်ရောင်ခြည် ဘယ်နှခါ(နှစ်ခါ) ကင်ရလဲရှင့် ကီမိုကရော ဘယ်နှကြိမ်(နှစ်ကြိမ်) သွင်းရလဲ

မြန်မာပြည်မှာ ကင်ဆာဖြစ်ရင် ဆရာဝန်ကို မမေးကြပါ။ ဖြေပါမယ်။ မဖတ်လိုက ကျော်သွားနိုင်။

လူနာတဦးနဲ့ တဦး မတူပါ။ လူနာတဦးချင်းစီကို အထူးကုဆရာဝန်တွေက အစီအစဉ်ဆွဲပေးထားမယ်။

Radiation Therapy Dosage ဘယ်လောက်ပေးရသလဲ

Standard dose စံကိုက်

Gray (Gy) ယူနစ်နဲ့ တိုင်းတာတယ်။ centigray (cGy) 0.01 of a single Gy unit နဲ့ သတ်မှတ်ထားတယ်။

Adjuvant therapy နည်းမှာ ရင်သားကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်းကင်တဆာတွေအတွက် 45 to 60 Gy ဖြစ်မယ်။ 

Dose fractioning ခွဲပြီးကင်ခြင်း

စုစုပေါင်းကို တလ သို့မဟုတ် နှစ်လခွဲကင်ပေးမယ်။ ကင်ဆာနေရာနဲ့ ကင်ဆာအမျိုးအစားအရ ခွဲခြားတယ်။ စံကိုက်နည်းအရ တပတ်မှာ ၅ ရက်။ စုစုပေါင်း ၃ ပတ်ကနေ ၈-၉ ပတ်အထိကြာမယ်။ တချို့ကင်ဆာတွေအတွက် တရက်မှာ တကြိမ်က လိုတယ်။

ခီမိုပေးနည်းလည်း ရေးတင်ထားတယ်။ မကြခဏ ထပ်တင်ပါတယ်။

ဖြေပြီးပြီ။ နှ နှစ်ကို ပြောဦးမယ်။ ကင်ဆာနဲ့ ရသစာတွေမှာ စာရေးတာ အမှားဆုံး။

နှ

စိတ်နှလုံး

နှမ၊ 

နှမြော၊ 

နှမြောတသ၊ 

နှမသားချင်း

နှမသားချင်း

နှမိနှမြော

နှမိနှမြော = စုံမက်ချစ်ခင်ခြင်း

နှရွဲ = ရှုံ့မဲ့၍ငိုသည်

နှရား = ကြော်ဖွယ်လုလု၊ ကြောက်ကြိမ်းသည်

နှလုံး၊ 

နှလုံးကျဉ်းမြောင်း

နှလုံးကောင်းဝန်စီး

နှလုံးခုန်

နှလုံးတုန်

နှလုံးမရွှင်

နှလုံးမွေ့လျော်

နှလုံးရည်

နှလုံးရောဂါ၊ 

နှစ်

တနှစ် (၁ နှစ်)

နှစ်ကာလရှည်

နှစ်ချို့စပါး

နှစ်ချုပ်စာရင်း

နှစ်ခွရှိသော

နှစ်စဉ်ထာဝရ

နှစ်ထပ်သင်္ဘော

နှစ်ထောင်းအားရ

နှစ်နှစ် (၂ နှစ်)

နှစ်နှစ်ခြိုက်ခြိုက်

နှစ်ပင်တိုင်သင်္ဘော

နှစ်ပါးစုံ (နှမစုံ) မွေး

နှစ်မ (နှမ) သားချင်း

နှစ်မြို့သည်

နှစ်ယောက်ထဲ (တည်း) နေချင်တယ်

နှစ်လိုမြတ်နိုး

နှစ်လုံး (နှလုံး) သည်းပွတ်

ဘယ်နှစ်ကောင်

ဘယ်နှစ်ခု၊ 

ဘယ်နှစ်ယောက်၊ 

နှစ်ယောက်ထဲ နေချင်တယ် မာမာအေး https://www.youtube.com/watch?v=GhT4t-6drUs

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ