Treatment Regime စံကိုက်နည်းကို လိုက်နိုင်လေ ကောင်းလေ

ဆရာ အူမကြီးကင်ဆာကို ခွဲစိတ် ဆေးသွင်းပြီးပါပြီ အဲ့တာ ဓာတ်ကင်တာက ၂၅ ကြိမ် ကင်ရမှာပါ ပြည့်သူဆေးရုံမှာ စောင့်ပြီး ကင်လို့ ရသေးလားရှင် အမြန်ဆုံး ကင်သင့်လားရှင်

Radiation Therapy Dosage ဘယ်လောက်ပေးရသလဲ

Standard dose စံကိုက် Gray (Gy) ယူနစ်နဲ့ တိုင်းတာတယ်။ centigray (cGy) 0.01 of a single Gy unit နဲ့ သတ်မှတ်ထားတယ်။ Adjuvant therapy နည်းမှာ ရင်သားကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်းကင်တဆာတွေအတွက် 45 to 60 Gy ဖြစ်မယ်။ 

Dose fractioning ခွဲပြီးကင်ခြင်း

စုစုပေါင်းကို တလ သို့မဟုတ် နှစ်လခွဲကင်ပေးမယ်။ ကင်ဆာနေရာနဲ့ ကင်ဆာအမျိုးအစားအရ ခွဲခြားတယ်။ စံကိုက်နည်းအရ တပတ်မှာ ၅ ရက်။ စုစုပေါင်း ၃ ပတ်ကနေ ၈-၉ ပတ်အထိကြာမယ်။ တချို့ကင်ဆာတွေအတွက် တရက်မှာ တကြိမ်က လိုတယ်။

ကျွန်တော်တင်ပြထားတာက ယူအက်စ်အေက သုတေသနသာ ဖြစ်ပါတယ်။ ဆေးကုသနည်း ရောဂါကာကွယ်နည်းတွေ အမျိုးမျိုးရှိတယ်။ တကမ္ဘာလုံးအတွက် WHO က ထုတ်ပြန်တယ်။ အမေရိကားအတွက် CDC ကနေ ထုတ်ပြန်တယ်။ စသဖြင့်ရှိတယ်။တသမတ်တည်း မကျတတ်ပါ။ လူတွေကတော့ တကမ္ဘာလုံးမှာအတူတူနီးပါး ရှိကြတယ်။

ဥပမာနည်းနည်း တင်ပြမယ်။

HIV ဆေးကို ဘယ်လိုလူနာတွေကို စပေးမလဲ။ မတူပါ။ WHO ကနေလည်း အချိန်ကာလအရ ပြင်တာရှိတယ်။ 

HIV ရှိသူတွေကို CD4 count နဲ့ သတ်မှတ်တယ်။ ပုံမှန်လူတွေမှာ 500 to 1500 cells/mm3 ရှိကြတယ်။ 200 အောက်ဆိုရင် AIDS ရှိပြီ။ ဆေးပေါ်စမှာ CD4 count 500 ဆိုရင် ဆေးပေးတယ်။ နောက်တဆင့် CD4 counts ≤350 cells/mm3 ဆိုတာနဲ့ ဆေးပေးတယ်။ အဲလိုသတ်မှတ်ချက်ဟာ တကမ္ဘာလုံးကိုကြည့်ပြီး သတ်မှတ်တာ ဖြစ်တယ်။ တိုင်းပြည်တွေက ဆင်းရဲ ချမ်းသာ မတူကြပါ။ ရောဂါ တမျက်နှာတည်းသာ ကြည့်ပြောရရင် HIV ရှိမှန်းသိသူတိုင်းကို ART ဆေး ပေးရပါမယ်။

မေးခွန်းပါ ကင်ဆာဓါတ်ကင်ခြင်းကိုလည်း အဲလို တွက်ဆနိုင်ပါတယ်။ စံကိုက်နည်းကို လိုက်နိုင်လေ ကောင်းလေ။

သိတဲ့အတိုင်း ကိုဗစ်ကပ်ရောဂါဆိုးစဉ်က တကမ္ဘာလုံးမှာ ဘယ်ရောဂါအတွက်မဆို ကုထုံးတွေကို ရေရောသလို လုပ်ခဲ့ရတယ်။ မလွှဲသာမရှောင်သာ အခြေအနေဖြစ်လို့သာ။

ကံကောင်းကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ