Walking လမ်းလျှောက်ခြင်းနှင့် အစာစားချိန်

ကနေ့ ၃ ယောက်က မေးပါတယ်။ အင်္ဂလိပ်လို ခပ်တိုတိုကိုသာ ပြန်တယ်။ တယောက်က ဘာသာပြန်ပေးပါဦးတဲ့။ လမ်းလျှောက်ချင်သူတွေအတွက် အစာစားပြီး မစားခင် စဉ်းစားရခက်သလို ကျွန်တော်လည်း ဘာသာပြန်ဘို့ အချိန်က ခက်တယ်။ နည်းနည်း ကြိုးစားလိုက်မယ်။

အစာမစားခင် လမ်းလျှောက်ခြင်းဟာ အစဉ်အလာအယူအဆအရ သင့်တယ်။ စိတ်ကိုကြည်လင်စေတယ်။ အစာချေတာ ပိုကောင်းတယ်။

သိပ္ပံလို ပြောဦးမယ်။ အစာစားပြီး ၁၅ မိနစ်ခန့် လမ်းလျှောက်ခြင်းကြောင့် သွေးထဲကသကြားဓါတ်ကျစေမယ်။ ဆီးချိုရှိသူတွေ သင့်တယ်။

အစာစားပြီး လေ့ကျင့်ခန်းလုပ်ခြင်းကနေ သွေးထဲကသကြားဓါတ်များများတက်မှာကို သက်သာစေမယ်။

အစာမစားခင် လေ့ကျင့်ခန်းလုပ်ခြင်းကနေ အဆီဓါတ်တွေကို ချေဖျက်စေမယ်။ 

ဘယ်တော့ ပိုကောင်းသလဲ

လမ်းလျှောက်ချိန်ကာလအပေါ် မူတည်တယ်။ မိနစ် ၃၀ သို့မဟုတ် ပိုမများဘဲ လုပ်ခြင်းကြောင့် အစာမစားခင်နဲ့ စားပြီး မသိသာစေနိုင်ပါ။

လေ့ကျင့်ခန်းက ပြင်းထန်တာမျိုးဆိုရင် စားပြီးမှ လုပ်တာကို အကျိုးရတာ သိသာစေမယ်။

စားပြီးပြီးချင်း လမ်းလျှောက်တာက သကြားဓါတ် ကျစေတယ်။ သကြားဓါတ်ဟာ စားပြီးနောက် မိနစ် ၆၀ နဲ့ ၉၀ မှာ အတက်ဆုံးဖြစ်တယ်။

အိပ်ရာထ လမ်းလျှောက်ခြင်းကနေ ကိုယ်ထဲက အဆီတွေကို သုံးပစ်မယ်။ လေ့လာမှုတော့ နည်းသေးတယ်။

ကိုယ့်အတွက် အဆင်ပိုပြေမယ်လို့ ယူဆရင်တော့ သဘောပါဘဲ။

အခြေခံအချက်

လူတိုင်းလိုလိုက နေ့စဉ်လိုလို လုပ်ကိုင် စားသောက် နေထိုင်တာတွေကြောင့် ရောဂါ မရစေပါ။ ရိုးရိုးအမူအကျင့်လေးတွေကနေ ရောဂါတွေရစေမယ်။၊ ရောဂါတွေပျောက်စေမယ် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ