What To Eat လူမမာ ဓါတ်စာစနစ်ကို မွမ်းမံသင့်ကြတယ်

အမေကရင်သားကင်ဆာပါ prosure တိုက်ပါတယ် သိချင်တာက နွားနို့ကိုကျိုပြီး သကြားဘာညာ မထည့်ပဲတိုက်လို့ရလားရှင့်

ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဆင်တူမေးခွန်းမျိုးတွေ ကင်ဆာနေရာတွေမှာ မကြာခဏ တွေ့ရတယ်။ ကင်ဆာနဲ့အစားအသောက်စာ ထပ်ထပ်တင်ဆာ အခါတရာလောက်ရှိပြီ။ နွားနို့အကြောင်း၊ အင်ရှူးဝါးနဲ့ ပရိုရှူးဝါးအကြောင်းတွေလည်း အခါတရာနီးပါး တင်ပြပါတယ်။

နွားနို့ဖြစ်ဖြစ်၊ ကော်ဖီဖြစ်ဖြစ်၊ လက်ဖက်ရည်ဖြစ်ဖြစ် အချို အနည်းအများ အကြိုက်မတူကြပါ။ လက်ဖက်ရည်ဆိုင်တွေမှာ မှာတာတွေက လိုက်မမီနိုင်အောင် အမျိုးတွေက များတယ်။ အဲဒါက အကြိုက်။

ဆီးချိုရှိသူတွေ ကင်ဆာရှိရှိ၊ မရှိရှိ သကြားမတည့်ပါ။

နွားနို့ - မြန်မာပြည်အတွက် ပြောရတာ ခက်တယ်။ သူများတိုင်းပြည်တွေမှာ တခါတည်း အသင့် သောက်လို့ ရအောင် သန့်ထားပြီးသား များတယ်။ ဝယ်လာတာနဲ့ ရေခဲသေတ္တာထဲထားကြတယ်။ သောက်ခါနီးမှာ မိုက်ခရိုဝေ့ဖ်ထဲ စက္ကန့် ၃၀-၄၅ ထည့်ကြတယ်။ အိန္ဒိယမှာတော့ မသောက်ခင် ပွက်အောင်လုပ်ကြရတယ်။ 

ဘယ်တိုင်းပြည်မှာနေနေ Pasteurized milk ပိုးသန့်ထားသောနွားနို့ကိုသာ သောက်သုံးကြရမယ်။ နို့ကနေ ကူးစက်ရောဂါ (အထူးသဖြင့် တီဘီ) မရအောင် လုပ်ရတာဖြစ်တယ်။ 63 °C (145 °F) အပူချိန်မှာ မိနစ် ၃၀ ကြာထားရတာဖြစ်တယ်။ သို့မဟုတ် 72 °C (162 °F) မှာ ၁၅ စက္ကန့်ကြာ။

ထပ်ပြီး တင်ပြပါဦးမယ်။ အင်ရှူးဝါးနဲ့ ပရိုရှူးဝါးတွေက နွားနို့သာဖြစ်တယ်။ အင်ရှူးဝါးကို အမျိုးမျိုးပြင်ထားတဲ့ ကလေးဖြည့်စွက်စာ ကောင်းတယ်။

မြန်မာပြည်မှာ နွားနို့ကို စီးပွားလည်းဖြစ်၊ ကျန်းမာရေးနဲ့လည်းညီညွတ်၊ လူအများစုဝယ်ယူသုံးစွဲနိုင်အောငက် လုပ်ကြစေချင်တယ်။

အိန္ဒိယမှာ တတိုင်းတပြည်လုံး တနေ့မှာ ၂ ခါကနေ ၆ ခါထိသောက်ကြတဲ့ လက်ဖက်ရည်ကို နွားနို့ (ကျွဲနို့) ကနေဖျော်တယ်။ ယူအက်စ်အေအပါအဝင် တချို့တိုင်းပြည်တွေမှာ ကော်ဖီမိတ် (မစ် မဟုတ်) ခေါ် နို့မှုန့် သုံးတယ်။ သုံးရတာ အင်မတန်လွယ်ကူတယ်။ ကော်ဖီအလွယ်သောက်ရောင်းတဲ့ဆိုင်တွေမှာတော့ ကော်ဖီ အမျိုးအစား၊ သကြား၊ နွားနို့ကို ကိုယ်တိုင်ဖေါ်မြူလာနဲ့ ကြိုက်သလိုစပ်ဟပ်သောက်ကြတယ်။

မြန်မာပြည်မှာ ဓါတ်စာစနစ်ကို မွမ်းမံသင့်ကြတယ်။ ကျွန်တော်တို့ငယ်ငယ်ကတော့ လူမမာစာဆိုတာ ဆန်ပြုတ်။ 

အခုခေတ်မှာ လွဲနေတာက ငှက်သိုက်၊ ကြက်ပေါင်း၊ မုန်လာဥနီ၊ ( - ) ကထုတ်တဲ့ ဘလာဘလာ ဘလာတွေက ပိုက်ဆံသာ။ 

လူမမာစာတွေကို ဈေးကြီးအောင်ရောင်းတာကို သဘောမတူပါ။ ကိုယ့်အခြေအနေမှာ အကောင်းဆုံးဖြစ်အောင် စီမံကြရပါမယ်။ အခက်ကြီးလည်း မဟုတ်ပါ။ မတတ်နိုင်လောက်အောင်လည်း ဈေးမကြီးပါ။

ဒေါက်တာတင့်ဆွေ

၁၃-၇-၂၀၂၂

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ