World Brain Day ဇူလိုင် ၂၂ ကမ္ဘာ့ဦး​နှောက်​နေ့

Brain size ဦးနှောက်ကြီးသလား

• ကိုယ်ခန္ဓာနဲ့ ဦးနှောက်အရွယ်အစားက အချိုးကျကျ ရှိတတ်တယ်။ တချို့အကောင်တွေမှာ ဦးနှောက်ရယ်လို့ သတ်သတ် မှတ်မှတ်မရှိပဲ ဦးနှောက်အလုပ်ကိုလုပ်တဲ့အင်္ဂါလို့သာရှိတယ်။ တချို့အကောင်ငယ်တွေမှာ ဦးနှောက်အင်္ဂါ မပါကြဘူး။

• Echinoderms (starfish, sea urchins, sand dollars) အကောင်တွေမှာ Brain entirely ဦးနှောက်အင်္ဂါ မပါကြဘူး။ Starfish ကြယ်ငါးတွေမှာ အာရုံခံစရာသာပါပြီး ဗဟိုအာရုံကြောစနစ်မပါဘူး။ Flat worms အူနေသန်ကောင်အပြားတွေမှာ အာရုံကြောတွေတော့ပါတယ်။ ပုရွက်ဆိတ်တွေမှာတော့ ဦးနှောက်ပါတယ်။ သူ့အရွယ်နဲ့စာရင် ကြီးတယ်။ လူတွေထက် အနံ့ခံအား ပိုကောင်းတယ်။

• ဝါရှင်တန်တက္ကသိုလ်သုတေသနအရ Green lizard အစိမ်းရောင်ပုတ်သင်ဟာ ဦးနှောက်အသေးဆုံးရှိတဲ့ အကောင်လို့ သိရတယ်။ Green anole ပုတ်သင်က အရောင်ပြောင်းတယ်။ အညိုရောင်လဲဖြစ်နိုင်တယ်။

• ဦးနှောက်-ကိုယ်ခန္ဓာအချိုးအစားတိုင်းတာနည်းရှိတယ်။ ကိုယ်ခန္ဓာကြီးတိုင်း ဦးနှောက်ကြီးတယ်ဆိုတာ ယေဘုယျသာ မှန်တယ်။ ဥပမာ ဆင်ဆိုရင် ဦးနှောက်အရွယ်က ကိုယ်အရွယ်အစားနဲ့ မမျှဘူး။ အသိဉာဏ်ကတော့ ကောင်းပါတယ်။

• Dolphins ဒေါ်လဖင်တွေမှာ ဦးနှောက်-ကိုယ်အလေးချိန်အချိုးအစားမှာ အမြင့်ဆုံးဖြစ်လို့ ဆင်တွေလိုပဲ ဉာဏ်ကောင်းတယ်။ ပုတ်သင်တွေ၊ တချို့လိပ်တွေလည်းအဲလိုပဲ။

• ငှက်တွေထဲမှာ Parrots ကြက်တူရွေး၊ Crows ကျီးကန်းနဲ့ Magpies ငှက်ကျား၊ Jays ဖွတ်ကုလား၊ Ravens ကျီးနက်ကြီးငှက်တွေက ဉာဏ်ကောင်းကြတယ်။

• Octopuses ရေဘဝဲ၊ Jumping spiders ပင့်ကူတွေကလည်း ဉာဏ်ကောင်းတယ်။ Sharks ငါးမန်းတွေဟာ ငါးတွေထဲမှာ ဉာဏ်အကောင်းဆုံးဖြစ်တယ်။ Whales ဝေလငါးတွေက ဆင်တွေလို ကိုယ်ခန္ဓာအချိုးနဲ့စာရင် ဦးနှောက်သေးတယ်။

• သက်ရှိသတ္တဝါမှန်သမျှထဲမှာ နို့တိုက်သတဝါတွေကဦးနှောက်ဉာဏ်အကောင်းဆုံးဖြစ်တယ်။ Sperm whale အမျိုးအစား ဝေလငါးမှာ ဦးနှောက်က 7 kg (17.5 pounds) လေးတယ်။ Blue whale အမျိုးအစားဝေလငါးမှာ ဦးနှောက်က 5 kg (12.5 pounds) လေးတယ်။

• Human brain လူ့ဦးနှောက်ဟာ 2.7 pounds (1.2 kg) လေးတယ်။ 1.1 - 1.4 kg ဆိုရင်ပုံမှန်ဖြစ်တယ်။ ကိုယ်အလေးချိန်ရဲ့ ၂% ရှိတယ်။ ယောက်ျားတွေဦးနှောက်က မိန်းမတွေထက် 100 grams (0.3 pounds) ပိုလေးတယ်။

• ဆင်ဦးနှောက်က 4.78 kg (10.5 pounds) လေးတယ်။ ကိယ်အလေးချိန်ရဲ့ ဝ့၁% သာရှိတယ်။

• Gorilla gorilla beringei ဂေါ်ရီလာတွေဦးနှောက်က 430 g (0.95 pounds) လေးတယ်။

• Chimpanzee ချင်ပန်ဇီတွေဦးနှောက်က 350 g (0.77 pounds) လေးတယ်။

• Mouse lemur (Microcebus murinus) ကြွက်အမျိုးဦးနှောက်က 2 g (0.004 pounds) သာလေးတယ်။

• Walrus (Odobenus rosmarus) အစွယ်ပါပင်လယ်ဖျံဦးနှောက်က 1.1 kg (2.4 pounds) လေးတယ်။

• အိမ်မွေးကြောင်ဟာ 30 grams (0.06 pounds) လေးရင် ဦးနှောက်က တောကြောင်ထက် 23.9 % ပိုပေါ့တယ်။

• ခွေးဦးနှောက်ဟာ Wolf မြေခွေးဦးနှောက်ထက် 29 % ပိုပေါ့တယ်။

• ဒေါ်လဖင်တကောင်ဟာ 120 kg (280 pounds) လေးရင် သူ့ဦးနှောက်ဟာ 1.7 kg (4 pounds) လေးတယ်။ ချင်ပန်ဇီတကောင်ထက် ၃ ဆပိုတယ်။

• ဦးနှောက်အရွယ်အစားကြီးတာထက် Neurons နူရုန်း အရေအတွက်ကပိုပြီးအရေးပါတယ်။ သစ်သီးယင်ကောင်ကတော့ တိရစာ္ဆန်တွေထဲမှာ အငယ်ဆုံးဦးနှောက်ရှိတယ်။ နူရုံးခေါ်တဲ့ အရုံကြောဆဲလ်တွေ စုစုပေါင်း ၂ သိန်းခွဲသာရှိတယ်။ Octopus ရေဘဝဲ ဦးနှောက်ထဲမှာ နူရုန်းအကြီးစားပေါင်း သန်း ၅ဝဝ ပါတယ်။ လူ့ဦးနှောက်မှာ နူရုန်းအသေးစားပေါင်း ၁ဝဝ ဘီလီယန်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ