Air travel and infants ကလေးငယ်နဲ့ လေကြောင်းခရီး

၁။ ဆရာ ကျွန်မ ညီမလေးက (၁၁လပိုင်း) ရန်ကုန်မှာ ကလေးမွေးပြီး စစ်တွေ ပြန်ရမှာပါ။ ကလေး ဘယ်နှစ်ပါတ်အရွယ်ကြီးမှ လေယာဉ်နဲ့ပြန်လို့ရနိုင်ပါမလဲဆရာ။ လေယာဉ်စက်သံတွေနဲ့နားစည်ထိခိုက်သွားနိုင်ပါသလား သိချင်ပါတယ်ဆရာ။

၂။ ဆရာ ကလေးမွေးပြီး ဘယ်လောက်မှာ လေယာဉ်စီးလို့ရမလည်း။ ကလေးသုံးလလေးနဲ့ စီးရင် ကလေးအတွက် အဆင်ပြေလောက်လားဆရာ။

- ကလေးငယ်ဆေးတွေ အများစုအတွက် လေယာဉ်ခရီး စီးရတာအဆင်ပြေပါတယ်။ သတိထားပြင်ဆင်စရာတွေတော့ ရှိတယ်။

- ကလေးအသက်ကို တွက်ချက်စဉ်းစားဘို့ မလိုပါ။ ကလေးဆရာဝန်ကတော့ လိုအပ်မှသာ ခရီးသွားပါလို့တော့ အကြံပေးပါမယ်။ ၆ လအမတိုင်မီမှာ ကာကွယ်ဆေးတွေမစုံသေးပါ။ ကလေးငယ်လေ ခုခံအားစနစ်ဖြစ်ထွန်းမှု နည်းသေးလေဖြစ်လို့ ကူးစက်ရောဂါပိုရလာနိုင်တယ်။ လူအများစုကြားသွာလာတိုင်း ဒီအချက်ကို သတိပြုရတာပါ။

- နားကိုတော့ လူကြီးတွေမှာလို သတိထားရမယ်။ ပတ်ဝန်းကျင်ဖိအား မတူရင် နားကိုသက်ရောက်ခံရတယ်။ နားအလယ်ပိုင်းဖိအားကို ပြောင်းလဲစေတယ်။ နားကိုက်လာတတ်တယ်။ အဲတာသက်သာအောင် ကလေးကို စို့စရာပိုပေးထားသင့်တယ်။ နို့ဗူးဖြစ်စေ၊ ပါးစပ်ထဲထည့်ထားရတဲ့ Pacifier ဖြစ်စေ၊ မိခင်နို့စို့စေတာဖြစ်စေလုပ်ပါ။

ကလေးအသက်ရှူနေတာကို စစ်ဆေးနေပါ။ အထက်တက်ရလေလေ လေဖိအားနည်းသလို လေထဲက အောက်စီဂျင်လည်းနည်းလာတယ်။ ကလေးမှာ အသက်ရှူလမ်းရောဂါရှိနေရင် အောက်စီဂျင်ဗူးဆောင်သင့် သုံးသင့်တယ်။

- ကလေးကို လမစေ့ပဲမွေးတာဆိုရင် အသက် ၁ နှစ်ပြည့်တဲ့နောက်မှာသာ လေယာဉ်စီးတာပိုကောင်းမယ်။

ထိုင်ခုံနေရာလည်း ရွေးသင့်တယ်။ Infant car seats ကားထိုင်ခုံတွေလည်း လေယာဉ်ခရီးအတွက် သုံးခွင့်လက်မှတ် ပေးထားပါတယ်။ လေကြောင်းလိုင်းတချို့က ကလေးကို မိခင် (ဖခင်၊ ကလေးထိန်း) ပေါင်ပေါ်မှာ စီးခွင့်ပေးတယ်။ ကလေးခါးပတ်ပတ်ဖို့ Federal Aviation Administration ကအကြံပြုထားတယ်။

- ကလေးအတွက်နေရာဝယ်ထားရင် Bulkhead seats လို့ခေါ်တဲ့ (ဘစ်ဇနက်စ် ကလပ်စ်) နောက် (အီကော်နော်မီ ကလပ်စ်) ရဲ့ ရှေ့ဆုံးအတန်းက ကောင်းတယ်။ ကလေးနည်းနည်းကြီးလို့ ဟိုဟိုသည်သည်ကြည့်ချင်ရင် (ဝင်းဒိုးဆိ) ဖြစ်ဖြစ် (အိုင်လ်ဆိ) ဖြစ်ဖြစ်ရွေးပါ။

- Diphenhydramine (Benadryl) လို ခရီးသွားမူး-အန်သက်သာဆေးကို အတတ်နိုင်ဆုံး မသုံးပါနဲ့။

- ကလေးနဲ့အတူ ကလေးပါးစပ်ထဲထည့်စရာ (teething ring, pacifier)၊ ကလေးစောင်၊ ကလေးကစားစရာတွေလည်း သင့်တော်တာရွေးယူပါ။

- လေယာဉ်ပေါ်မှာ ကလေးမနေရင် ကလေးနဲ့အတူ လမ်းလျှောက်ပေးပါ။ လေယာဉ်အမှုထမ်းခွင့်ပြုချိန်တော့ဖြစ်ပါစေ။

- ကလေးစားစရာကိုလည်း ယူလာခဲဖို့ ကျွေးဖို့ မမေ့ပါနဲ့။ လေကြောင်းလံခြုံရေးက ခွင့်ပြုသလောက်သာ သယ်ရမယ်ဆိုလည်း သတိရှိပါ။ လိုက်နာပါ။

Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး https://dr-tint-swe.blogspot.com/2021/12/pregnancy-and-air-travel.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ