Cancer Treatment Options ကင်ဆာကုထုံး

ဆရာခင်ဗျား chemo ဆေးသွင်းတာ သွေးစစ်ပြီးရတဲ့အဖြေပေါ်မူတည်ပြီးသွင်းတာလို့ ထိုင်းကဆရာဝန်များဆီက သိရပါတယ်

မြန်မာပြည်မှာတော့ လူတိုင်းကိုရှိတဲ့တမျိုးဘဲသွင်းတယ်လို့ သိရပါတယ် အခုကခုက ရင်သားကင်ဆာအဆင့် ၁ပါ ထိုင်းမှာ တကြိမ်သွင်းပီးပါပြီ Lampar cancer Hospital ပါ မြန်မာပြည်ပြန်ပြီး ဆက်ကုရင် အစဉ်ပြေ(အဆင်ပြေ)မပြေ ဆေးတူမတူ သိပရစေဆရာ

ကင်ဆာကုထုံးတွေမှာ ရွေးချယ်စရာတွေ ရှိတယ်။ တိုင်းပြည်အလိုက်သာမက ဆေးရုံအလိုက် တူချင်မှ တူမယ်။ ဆေးရုံတခုတည်းမှာ အထူးကုဆရာဝန် တဦးမကရှိရင်လည်း သဘောထား ထပ်တူကျချင်မှ ကျမယ်။ 

လူနာတွေကလည်း ရောဂါအမျိုးအစား + အဆင့် + အခံရောဂါ စတာတွေ တယောက်နဲ့ တယောက် မတူပါ။

မြန်မာပြည်မှာ တခြားကနေပြန်လာသူတွေကိုလည်း ဆက်ကုသပေးပါတယ်။ လူနာတိုင်းမှာ ဆေးမှတ်တမ်း သိမ်းထားကြရတယ်။ ကုသပေးမဲ့ဆရာဝန်က ဖတ်ရှုစစ်ဆေးပြီး အသင့်မှန်ဆုံးကို ဆက်လက်ဆောင်ရွက်ပေးကြပါလိမ့်မယ်။

ဘယ်တိုင်းပြည်မှာဖြစ်စေ ကင်ဆာကုသနေစဉ် စစ်ဆေးမှုတွေ လိုတာ လုပ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ